စစ်ကိုင်းမြို့၌ အပူပိုင်းဒေသ (၁၃)ခရိုင် စိမ်းလန်းစိုပြည်ရေး လူထုလှုပ်ရှားမှုအသွင်ဖြင့် ၂၀၂၅ ခုနှစ်၊ မိုးရာသီ သစ်ပင်စိုက်ပွဲတော် ကျင်းပ

စစ်ကိုင်း ဇူလိုင် ၁၁

စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့၌ အပူပိုင်းဒေသ (၁၃)ခရိုင် စိမ်းလန်းစိုပြည်ရေး လူထု လှုပ်ရှားမှုအသွင်ဖြင့် ၂၀၂၅ ခုနှစ်၊ မိုးရာသီ သစ်ပင်စိုက်ပွဲတော်ကို ဇူလိုင်လ (၁၁)ရက်၊ နံနက် (၇)နာရီ အချိန်တွင် စစ်ကိုင်းပညာရေးတက္ကသိုလ်ဝင်းအတွင်း၌ ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ သယံဇာတရေးရာဝန်ကြီး ဦးတင်သန်းဝင်းက အမှာစကား ပြောကြားပြီး စစ်ကိုင်းပညာရေးတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာဒေါ်အေးသက်သက်ဝင်း ထံသို့ စိုက်ပျိုးမည့် ပျိုးပင်ကို ပေးအပ်ခဲ့သည်။

ဆက်လက်ပြီး စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးညွန့်ဝင်းအောင်က ခရိုင်မီးသတ်ဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးထက်အောင်ထံသို့လည်းကောင်း၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းနိုင်နိုင်ကျော်က ကြက်ခြေနီအသင်း တာဝန်ရှိသူတစ်ဦးထံသို့လည်းကောင်း၊ စစ်ကိုင်းတပ်နယ်မှူးက ဒေသခံပြည်သူတစ်ဦးထံသို့လည်းကောင်း စိုက်ပျိုးမည့် ပျိုးပင်များကို ပေးအပ်ခဲ့ကြသည်။

ထို့နောက် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးများ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ စစ်ကိုင်းပညာရေးတက္ကသိုလ် ပါမောက္ခချုပ်နှင့် ပါမောက္ခ၊ ဌာနမှူးများ၊ ဌာန ဆိုင်ရာဝန်ထမ်းများ၊ ကျောင်းသား၊ ကျောင်းသူများ၊ လူမှုရေးအသင်းအဖွဲ့ဝင်များက သစ်ပင်များကို စုပေါင်းစိုက်ပျိုးခဲ့ကြသည်။

အဆိုပါမိုးရာသီ သစ်ပင်စိုက်ပျိုးပွဲတွင် ကျွန်းပင် (၁၀၀)ပင်၊ ပိတောက်ပင် (၁၀၀)ပင်၊ တမာပင် (၁၅၀)ပင်၊ မယ်ဇယ်ပင် (၂၈၀)ပင်၊ တည်ပင် (၇၀)ပင်၊ စိမ်းပန်းပြာပင် (၅၀)ပင်၊ စုစုပေါင်း (၇၅၀) ပင်ကို စုပေါင်းစိုက်ပျိုးခဲ့ကြသည်။

အလားတူ မြင်းမူမြို့၌လည်း အပူပိုင်းဒေသ (၁၃) ခရိုင် စိမ်းလန်းစိုပြည်ရေး လူထုလှုပ်ရှားမှုအသွင်ဖြင့် ၂၀၂၅ ခုနှစ်၊ မိုးရာသီ သစ်ပင်စိုက်ပွဲတော်ကို ဇူလိုင်လ (၁၁) ရက်၊ နံနက် (၇) နာရီအချိန်တွင် အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း၌ကျင်းပပြုလုပ်ရာ တမာပင် (၁၅၀) ပင်၊ ကုက္ကိုပင် (၁၂၅) ပင်၊ မယ်ဇယ်ပင် (၁၀၀) ပင်၊ ယူကလစ်ပင် (၁၂၅) ပင်၊ စိမ်းပန်းပင် (၁၀၀) ပင်၊ စုစုပေါင်း (၆၀၀) ပင်ကို စုပေါင်းစိုက်ပျိုးခဲ့ကြကြောင်း သိရသည်။

နေလင်းအောင် (ပြန်/ဆက်)