ဥတ္တရသီရိမြို့နယ်၌ နွေစပါးစံပြကွက်ရိတ်သိမ်းပွဲကျင်းပ

ဥတ္တရသီရိ ဇူလိုင် ၁၁

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ် မောင်းရမ်းကျေးရွာအုပ်စု၊ ကွမ်းခြံစုကျေးရွာ၌ ကောက်စိုက်စက်ဖြင့် စိုက်ပျိုးထားသော နွေစပါးစံပြကွက်ရိတ်သိမ်းပွဲကို ယမန်နေ့ မွန်းလွဲပိုင်းတွင် ကွင်းအမှတ်(၁၈၈၅)၊ တောင်သူ ဦးကျော်ရွှေ၏ စံပြကွက်စိုက်ခင်း ၅ ဧက၌ ကျင်းပခဲ့သည်။

အဆိုပါရိတ်သိမ်းပွဲသို့ မြို့နယ်အ‌ထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းယု၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးမျိုးနိုင်နှင့် ကွင်းတာဝန်ခံ ဝန်ထမ်းများ၊ မြို့နယ်ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးပြည့်ဖြိုးဇော်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ဒေသခံတောင်သူများတက်ရောက်ကြပြီး စပါးမျိုးကွဲ (ထိုင်းနှံကောက်မျိုး)  တစ်ဧကလျှင် ပျမ်းမျှ အထွက်နှုန်း အစို ၁၃၀ တင်း၊ အခြောက် ၁၁၆ တင်း ထွက်ရှိခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

အောင်မျိုးဝင်း(ပြန်/ဆက်)