ဆင်ပေါင်ဝဲမြို့နယ်တွင် အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေး မိုးရာသီလူထုလှုပ်ရှားမှုအသွင်ဖြင့် စုပေါင်းသစ်ပင်စိုက်ပျိုးပွဲ ကျင်းပ

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်တွင် အပူပိုင်းဒေသ(၁၃)ခရိုင်စိမ်းလန်းစိုပြည်ရေး ၂၀၂၅-ခုနှစ်မိုးရာသီလူထုလှုပ်ရှားမှုအသွင်ဖြင့် စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက် ၇ နာရီက ဆင်ပေါင်ဝဲမြို့နယ် အောင်လံ-တောင်တွင်းကြီးလမ်း၊ မိုင်တိုင်အမှတ်(၂၅၅/၂)အနီးရှိ တောပုန်းကြိုးပြင်ကာကွယ်တော အကွက်အမှတ်(၄)၌ ကျင်းပပြုလုပ်ခဲ့သည်။

မင်းလှမြို့နယ်တွင် အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေး မိုးရာသီလူထုလှုပ်ရှားမှုအသွင်ဖြင့် စုပေါင်းသစ်ပင်စိုက်ပျိုးပွဲ ကျင်းပ

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် အပူပိုင်းဒေသစိမ်းလန်းစိုပြည်စေရေးအတွက် လူထုလှုပ်ရှားမှုအသွင်ဖြင့် မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော်ကို ယနေ့ နံနက် ၇ နာရီက သရက်-မင်းလှကားလမ်းမိုင်တိုင်အမှတ်(၄၄/၃) စစ္စနို့လမ်းဆုံအနီးတွင် ကျင်းပပြုလုပ်ခဲ့သည်။

လဲချားမြို့နယ် အခြေခံပညာမူလတန်းလွန်ကျောင်း(ဟိုရင်)တွင် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ဆောင်ရွက်

ရှမ်းပြည်နယ်တောင်ပိုင်း၊ လဲချားမြို့နယ်၊ အခြေခံပညာမူလတန်းလွန်ကျောင်း(ဟိုရင်)တွင် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယနေ့နံ​နက် ၁၀ နာရီအချိန်က ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မက်မန်းမြို့နယ်၌ ကျေးရွာချင်းဆက်မြေသားလမ်း ဖောက်လုပ်နိုင်ရေး ကွင်းဆင်းဆောင်ရွက်

ရှမ်းပြည်နယ် “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့နယ်တွင် မက်မန်းခရိုင်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် ကွန်ဟောင်းကြီး-ပန်ဟုန်းလမ်း ကျေးရွာချင်းဆက်မြေသားလမ်းချဲ့ခြင်းလုပ်ငန်းအတွက် စစ်ဆေးတိုင်းတာခြင်းကို ယမန်နေ့  နံနက်ပိုင်းက တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးတိုင်းတာခဲ့ကြောင်းသိရှိရသည်။

အောင်လံမြို့၌ အပူပိုင်းဒေသ(၁၃)ခရိုင်စိမ်းလန်းစိုပြည်ရေး ၂၀၂၅ခုနှစ် မိုးရာသီ လူထုလှုပ်ရှားမှုအသွင်ဖြင့် စုပေါင်းသစ်ပင်စိုက်ပျိုးပွဲ ကျင်းပ

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့၌ အပူပိုင်းဒေသစိမ်းလန်းစိုပြည်စေရေးအတွက် လူထုလှုပ်ရှားမှုအသွင်ဖြင့် မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက် ၇ နာရီက အောင်လံမြို့၊ ဘွတ်ကြီး(ရေပေါ်)ကြိုးဝိုင်းအတွင်း မွေးမြူရေးဇုန်ရှေ့တွင် ကျင်းပခဲ့သည်။

ဆိပ်ဖြူမြို့နယ်၌ အပူပိုင်းဒေသ(၁၃)ခရိုင် စိမ်းလန်းစိုပြည်ရေးမိုးရာသီလူထုလှုပ်ရှာမှု စုပေါင်းသစ်ပင်စိုက်ပျိုးပွဲ ဆောင်ရွက်

မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ်တွင် အပူပိုင်းဒေသ(၁၃)ခရိုင် စိမ်းလန်းစိုပြည်ရေး မိုးရာသီလူထုလှုပ်ရှားမှုအသွင်မှု စုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော်ကို ယနေ့နံနက် ၇ နာရီက ယောဝရပ်ကွက် ကြိုးပြင်ကာကွယ်တော၌ ဆောင်ရွက်သည်။

နတ်မောက်မြို့နယ်တွင် မျိုးကောင်းမျိုးသန့် မျိုးစေ့များအသုံးပြုခြင်းဖြင့် အထွက်နှုန်းပိုမိုထွက်ရှိနိုင်ရေး ခေါင်နှံမျိုးသန့် ရွေးချယ်ခြင်းပြုလုပ် 

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် တောင်သူများနှင့်ပူးပေါင်းကာ မျိုးကောင်းမျိုးသန့် မျိုးစေ့များအသုံးပြုခြင်းဖြင့် အထွက်နှုန်းပိုမိုထွက်ရှိနိုင်ရေး ခေါင်နှံမျိုးသန့်ရွေးချယ်ခြင်းကို ယမန်နေ့က ပ/လက်ခုပ်ပင်ကျေးရွာအုပ်စု စာရံအိုင့်ကျေးရွာ ၊ ပ/ဂွေးချိုကျေးရွာနှင့် အင်းကုန်းကျေးရွာများတွင် ပြုလုပ်ခဲ့ကြသည်။

နတ်မောက်မြို့၌ (၇၈)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အလယ်တန်းအဆင့်စာစီစာကုံးပြိုင်ပွဲ ကျင်းပ

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်ပညာရေးဌာနတို့ပူးပေါင်း၍ (၇၈)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲကို လူထုအခြေပြုဗဟိုဌာန( Community Centre ) ခန်းမ၌ ယမန်နေ့  နံနက် ၁၀ နာရီအချိန်က ကျင်းပခဲ့သည်။

ပွင့်ဖြူမြို့နယ်တွင် အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေး လူထုလှုပ်ရှားမှုအသွင်ဖြင့် မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲ ကျင်းပ

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်တွင် အပူပိုင်းဒေသစိမ်းလန်းစိုပြည်စေရေးအတွက် လူထုလှုပ်ရှားမှုအသွင်ဖြင့် မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ယနေ့ နံနက် ၇ နာရီက ပွင့်ဖြူမြို့နယ် လယ်ကိုင်းကျေးရွာအုပ်စု၊ သက်သာပန်းတောင်းကျေးရွာအနီး မြန်မာ့မီးရထားပိုင်မြေကွက်လပ်၌ ကျင်းပပြလုပ်ခဲ့ကြောင်း သိရသည်။

ကျိုက်လတ်၌ သာယာဝဲ-အရှေ့ဆင်ကူးမှ ပဆငသို့ဆက်သွယ်သောလမ်း မြေသားတာဘောင်ချဲ့ခြင်းနှင့် တစ်ဖက်လျှင် ၂ ပေ ကျောက်ချဲ့ခြင်းလုပ်ငန်းအား တာဝန်ရှိသူများ ကြည့်ရှုစစ်ဆေး

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်သည့် သာယာဝဲ-အရှေ့ဆင်ကူးမှပဆငသို့ ဆက်သွယ်သောလမ်းမြေသား တာဘောင်ချဲ့ခြင်းနှင့် တစ်ဖက်လျှင်တည်ဆောက်ခြင်းလုပ်ငန်းအား ၂ ပေ စီကျောက်ချဲ့ခြင်းလုပ်ငန်းအား ယမန်နေ့ နံနက်ပိုင်းက တာဝန်ရှိသူများ သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ကြသည်။
Subscribe to