အောင်လံ ဇူလိုင် ၁၁
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့၌ အပူပိုင်းဒေသစိမ်းလန်းစိုပြည်စေရေးအတွက် လူထုလှုပ်ရှားမှုအသွင်ဖြင့် မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက် ၇ နာရီက အောင်လံမြို့၊ ဘွတ်ကြီး(ရေပေါ်)ကြိုးဝိုင်းအတွင်း မွေးမြူရေးဇုန်ရှေ့တွင် ကျင်းပခဲ့သည်။
အဆိုပါ သစ်ပင်စိုက်ပျိုးပွဲတွင် အောင်လံခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသက်လွင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလှရွှေနှင့်အဖွဲ့ဝင်များ၊ ခရိုင်သစ်တောဦးစီး ဌာနမှူး ဦးထွန်းညွှန့်တင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်သစ်တောဦးစီးအရာရှိ ဦးထွန်းထွန်းနိုင်နှင့်ဝန်ထမ်းများ၊ ခရိုင်/မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များ၊ ကျောင်းဆရာ/ဆရာမများနှင့် ဒေသခံပြည်သူများတက်ရောက်၍ မြန်မာကုက္ကို(၂၀၀)၊ ဖျောက်ဆိပ်(၂၀၀)၊ တမာပင်(၂၀၀)၊ ပိတောက်ပင်(၂၀၀)နှင့် စိန်ပန်း(၁၀၀)ပင် စုစုပေါင်း ပျိုးပင်(၉၀၀)ကို အပူပိုင်းဒေသစိမ်းလန်းစိုပြည်စေရန် စုပေါင်းသစ်ပင် စိုက်ပျိုးခဲ့ကြသည်။
အောင်လံခရိုင်၊ အောင်လံမြို့နယ်အတွင်း အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေး၊ သစ်တောသံယံဇာတများ ရေရှည်တည်တံ့စေရေး၊ ဂေဟာစနစ်များမျှတကောင်းမွန်စေရေး၊ ရေမြေထိန်းသိမ်းပြီး သဘာဝဘေးအန္တရာယ်များမှ တားဆီးကာကွယ်နိုင်ရေး၊ ရာသီဥတုမျှတကောင်းမွန်ရေးနှင့် ပြည်သူများ သစ်တောသစ်ပင်များ၏တန်ဖိုးကို သိရှိနားလည်ကာ သစ်ပင်များ စိုက်ပျိုးသည့်အလေ့အကျင့်ကောင်းများရရှိပြီး သစ်တောသစ်ပင်ထိန်းသိမ်းကာကွယ်ရေးလုပ်ငန်းများတွင် နိုးကြားတက်ကြွစွာပူးပေါင်းပါဝင်ဆောင်ရွက်နိုင်စေရေးစသည့် ရည်ရွယ်ချက်များဖြင့် နှစ်စဉ်မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲများကို ကြိုးပမ်းစိုက်ပျိုးဆောင်ရွက်လျက် ရှိကြောင်းသိရသည်။
အာကာ(ပြန်/ဆက်)