လဲချား ဇူလိုင် ၁၁
ရှမ်းပြည်နယ်တောင်ပိုင်း၊ လဲချားမြို့နယ်၊ အခြေခံပညာမူလတန်းလွန်ကျောင်း(ဟိုရင်)တွင် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်က ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ကျောင်းအုပ်မဆရာကြီးက အမှာကားပြောကြားခဲ့ပြီ အငယ်တန်းစာရေး ဒေါ်အေးမိစံက ကျောင်းသား၊ကျောင်းသူလူငယ်များ အသိပညာဗဟုသုတတိုးပွားစေရန်အတွက်ရည်ရွယ်၍ အခြေခံပညာကျောင်းများကို အလှည့်ကျစနစ်ဖြင့် ယခုလိုပြပွဲများ၊ ပြိုင်ပွဲများ၊ ဟောပြောပွဲများဆောင်ရွက်ပေးခြင်းဖြစ်ကြောင်းပြောကြားပြီး မူးယစ်ဆေးဝါးဆိုင်ရာအသိပညာပေးများ၊ လူကုန်ကူးခံရမှုအန္တရာယ်များပြောကြားခဲ့ပြီး လူကုန်ကူးမှုတားဆီးကာကွယ်ရေး၊ ယာဉ်စည်းကမ်းလမ်းစည်းကမ်း၊ မူးယစ်အန္တရာယ်အသိပညာပေး၊ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးနံရံကပ်စာစောင်များပြသခဲ့ကြောင်း သိရှိရသည်။
မြို့နယ် (ပြန်/ဆက်)