မက်မန်း ဇူလိုင် ၁၁
ရှမ်းပြည်နယ် “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့နယ်တွင် မက်မန်းခရိုင်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် ကွန်ဟောင်းကြီး-ပန်ဟုန်းလမ်း ကျေးရွာချင်းဆက်မြေသားလမ်းချဲ့ခြင်းလုပ်ငန်းအတွက် စစ်ဆေးတိုင်းတာခြင်းကို ယမန်နေ့ နံနက်ပိုင်းက တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးတိုင်းတာခဲ့ကြောင်းသိရှိရသည်။
ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် မက်မန်းခရိုင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး(မြို့ပြ) ဦးသက်ထွန်းနှင့် မက်မန်းမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ အငယ်တန်းအင်ဂျင်နီယာ-၃(မြို့ပြ) ဦးမျိုးကိုကိုတို့သည် ပြည်နယ်ငွေလုံးငွေရင်း ရန်ပုံငွေ ၁၇၄ ဒဿမ ၂၉ သန်းဖြင့် ကွန်ဟောင်းကြီး- ပန်ဟုန်းလမ်း လမ်းအရှည် ၂ မိုင်၊ အကျယ် ၃၀ ပေရှိလမ်းမြေသားချဲ့ခြင်းလုပ်ငန်းအတွက် တည်ဆောက်ရေးလုပ်ငန်းများဆောင်ရွက်နိုင်ရေး မြေပြင်အခြေအနေကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။
အေဇက်ထွန်း(မက်မန်း)