အထက်မင်းလှ ဇူလိုင် ၁၁
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် အပူပိုင်းဒေသစိမ်းလန်းစိုပြည်စေရေးအတွက် လူထုလှုပ်ရှားမှုအသွင်ဖြင့် မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော်ကို ယနေ့ နံနက် ၇ နာရီက သရက်-မင်းလှကားလမ်းမိုင်တိုင်အမှတ်(၄၄/၃) စစ္စနို့လမ်းဆုံအနီးတွင် ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ သစ်ပင်စိုက်ပျိုးပွဲတွင် မကွေးတိုင်းဒေသကြီးဥပဒေချုပ် ဦးတင့်ဝေနှင့်အဖွဲ့ဝင်များ၊ ကပစစက်ရုံမှူး ဗိုလ်မှူးကြီးရွှေမြ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများနှင့်ဝန်ထမ်းများ၊ သစ်တောဦးစီးဌာနဝန်ထမ်းများ၊ ကျန်းမာရေးဝန်ထမ်းများ၊ နယ်မြေခံမီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းအဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ ဆရာ၊ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ရပ်ကွက်/ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ၊ ဒေသခံပြည်သူများ စုစုပေါင်းအင်အား (၈၉၀)ဦးတက်ရောက်၍ ပိတောက်(၂၅၀)ပင်၊ ကုက္ကို(၁၀၀)ပင်နှင့် တမာ(၂၅၀)ပင် ပျိုးပင်စုစုပေါင်း(၆၀၀)ကို အပူပိုင်းဒေသစိမ်းလန်းစိုပြည်စေရန် စုပေါင်းသစ်ပင်စိုက်ပျိုးခဲ့ကြသည်။
မင်းလှမြို့နယ်တွင် အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေး၊ သစ်တောသယံဇာတများ ရေရှည်တည်တံ့စေရေး၊ ဂေဟစနစ်များမျှတကောင်းမွန်စေရေး၊ ရေမြေထိန်းသိမ်းပြီး သဘာဝဘေးအန္တရာယ်များမှ တားဆီးကာကွယ်နိုင်ရေး၊ ရာသီဥတုမျှတကောင်းမွန်ရေးနှင့် ပြည်သူများသစ်တောသစ်ပင်များ၏ တန်ဖိုးကို သိရှိနားလည်ကာ သစ်ပင်များစိုက်ပျိုးသည့် အလေ့အကျင့်ကောင်းများရရှိပြီး သစ်တော သစ်ပင် ထိန်းသိမ်းကာကွယ်ရေးလုပ်ငန်းများတွင် နိုးကြားတက်ကြွစွာ ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်စေရေးစသည့် ရည်ရွယ်ချက်များဖြင့် နှစ်စဉ် မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲများကို ကြိုးပမ်း စိုက်ပျိုးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဝင်းမြတ်(အထက်မင်းလှ)