ကျိုက်လတ် ဇူလိုင် ၁၁
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်သည့် သာယာဝဲ-အရှေ့ဆင်ကူးမှပဆငသို့ ဆက်သွယ်သောလမ်းမြေသား တာဘောင်ချဲ့ခြင်းနှင့် တစ်ဖက်လျှင်တည်ဆောက်ခြင်းလုပ်ငန်းအား ၂ ပေ စီကျောက်ချဲ့ခြင်းလုပ်ငန်းအား ယမန်နေ့ နံနက်ပိုင်းက တာဝန်ရှိသူများ သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ကြသည်။
ထိုသို့ ကြည့်ရှုစစ်ဆေးရာတွင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန (ဖျာပုံခရိုင်)မှ လက်ထောက်ညွှန်ကြားရေးမှူး (မြို့ပြ) ဦးမိုးမြင့်နှင့် တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်မှုများအား ကွင်းဆင်းစစ်ဆေးခဲ့ကြခြင်းဖြစ်သည်။ အဆိုပါ လမ်းခင်းခြင်းလုပ်ငန်းအား ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် တိုင်းဒေသကြီး (ငွေလုံးငွေရင်း) ရန်ပုံငွေဖြင့် မြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ တာဝန်ယူ တည်ဆောက်ခြင်း ဖြစ်ကြောင်း သိရသည်။
အဆိုပါလုပ်ငန်း ဆောင်ရွက်ပြီးစီးပါက ကျေးရွာ (၅၁) ရွာ၊အိမ်ခြေ (၅၅၄၉) ခု၊ လူဉီးရေ(၂၂၇၁၇) ဉီးတို့အတွက်လမ်းပန်းဆက်သွယ်ရေး ပိုမိုကောင်းမွန်အကျိုးပြုမည်ဖြစ်ကြောင်း သိရသည်။
လှိုင်မင်းအောင်
ကျိုက်လတ် (ပြန်/ဆက်)