ဆိပ်ဖြူမြို့နယ်၌ အပူပိုင်းဒေသ(၁၃)ခရိုင် စိမ်းလန်းစိုပြည်ရေးမိုးရာသီလူထုလှုပ်ရှာမှု စုပေါင်းသစ်ပင်စိုက်ပျိုးပွဲ ဆောင်ရွက်

ဆိပ်ဖြူ ဇူလိုင် ၁၁

မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ်တွင် အပူပိုင်းဒေသ(၁၃)ခရိုင် စိမ်းလန်းစိုပြည်ရေး မိုးရာသီလူထုလှုပ်ရှားမှုအသွင်မှု စုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော်ကို ယနေ့နံနက် ၇ နာရီက ယောဝရပ်ကွက် ကြိုးပြင်ကာကွယ်တော၌ ဆောင်ရွက်သည်။

ဆိပ်ဖြူမြို့နယ်သည် သစ်တောသစ်ပင်နည်းပါး၍ အပူပိုင်းမိုးနည်းရပ်ဝန်းဒေသတစ်ခု၌တည်ရှိသော မြို့နယ်ဖြစ်သည့်အတွက် သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရေး၊ သစ်တောကဏ္ဍနှင့် သယံဇာတများရေရှည်ထိန်းသိမ်းစောင့်ရှောက်နိုင်ရေး၊ ဂေဟစနစ်များကောင်းမွန်ပြီး ရာသီဥတကောင်းမွန်ုမျှတပြီး သဘာဝဘေးအန္တရာယ်အမျိုးမျိုးတို့မှတား ဆီးကာကွယ်လျော့ချဆောင်ရွက်နိုင်စေရန်နှင့် သစ်တော်သစ်ပင်များချစ်ခင်မြတ်နိုးတန်းဖိုးထားဆောင်ရွက်နိုင်စေရန်ရည်ရွယ်၍ အပူပိုင်းဒေသ(၁၃)ခရိုင် စိမ်းလန်းစိုပြည်ရေး မိုးရာသီလူထုလှုပ်ရှားမှုအသွင်မှု စုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော်ကို ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါအခမ်းအနားတွင် မြို့နယ်သစ်တောဦးစီးမှူးက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ လူမှုရေးအဖွဲ့အစည်းများနှင့် ဒေသခံပြည်သူများထံ စိုက်ပျိုးမည့်သစ်ပင်များအား အသီးသီးပေးအပ်သည်။ ၎င်းနောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနိုင်မင်းထွန်းက အပူပိုင်းဒေသ(၁၃)ခရိုင် စိမ်းလန်းစိုပြည်ရေးအတွက် စတင်စိုက်ပျိုးပေးပြီး ထို့နောက် မြို့နယ်ဌာနဆိုင်ရာဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့ဝင်များနှင့် ဒေသခံပြည်သူများက ယူကလစ်၊ ကုက္ကို၊ မယ်ဇလီအစရှိသော ပျိုးပင်(၃၀၀)ကို စုပေါင်းစိုက်ပျိုးဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

စိုးလင်းနိုင်(IPRD)