နတ်မောက်မြို့၌ (၇၈)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အလယ်တန်းအဆင့်စာစီစာကုံးပြိုင်ပွဲ ကျင်းပ

နတ်မောက် ဇူလိုင် ၁၁

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်ပညာရေးဌာနတို့ပူးပေါင်း၍ (၇၈)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲကို လူထုအခြေပြုဗဟိုဌာန( Community Centre ) ခန်းမ၌ ယမန်နေ့  နံနက် ၁၀ နာရီအချိန်က ကျင်းပခဲ့သည်။

ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သိမ့်သိမ့်မိုးက ကျောင်းသား/သူများ နှစ်စဉ်ကျင်းပလျက်ရှိသည့် နေ့ထူးနေ့မြတ်များအား အစဉ်အောင်းမေ့သတိရစေရန်၊ အသိပညာဗဟုသုတများတိုးပွားစေရန် ဉာဏ်ရည်ဉာဏ်သွေးဖွံဖြိုးစေရန်၊ စာဖတ်စွမ်းရည်တိုးတက်စေရန်၊ စာပေကိုပိုမိုလေ့လာကျက်မှတ်စေရန်၊ မိမိရုံးရှိ ပြည်သူ့စာကြည့်တိုက်နှင့်ရင်းနှီးကျွမ်းဝင်မှုရှိစေရန်ရည်ရွယ်၍  ပြိုင်ပွဲများကျင်းပပေးရခြင်းဖြစ်ပါကြောင်းနှင့်   ပြိုင်ပွဲဝင်စည်းကမ်းများအား ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် ပြိုင်ပွဲကိုဆက်လက်ကျင်းပရာ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၊ အခြေခံပညာအထက်တန်းကျောင်း(အောင်ဆန်း)၊ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)အိုးဘို၊ အခြေခံပညာအလယ်တန်းကျောင်း(တမာပင်) အလယ်တန်းဆင့်ပြိုင်ပွဲဝင်ကျောင်းသား/ကျောင်းသူများက     “အာဇာနည်နေ့ တို့မမေ့” ခေါင်းစဉ်ဖြင့် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။ အဆိုပါပြိုင်ပွဲသို့ အခြေခံကျောင်းများမှ အလယ်တန်းဆင့် ကျောင်းသား/သူစုစုပေါင်း (၃၅)ဦးဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြရာ ဆုရရှိသူများအား ဇူလိုင်လ(၁၈)ရက်နေ့တွင်  နတ်မောက်မြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre)  ခန်းမတွင် ဆုများအသီးသီးချီးမြှင့်ပေးသွားမည် ဖြစ်ကြောင်းသိရသည်။

မူမူစန်း