ကေ့ာကရိတ် ဇူလိုင် ၂
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်တွင် အကောင်အထည်ဖော်ဆောင်ရွက်မည့် အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစု ဝင်ငွေတိုးရေးစီမံကိန်းဖြင့် မော်တော်ဆိုင်ကယ် ပြုပြင်ထိန်းသိမ်းနည်းပညာသင်တန်း (ပထမအကြိမ်)ကို ယမန် နေ့ နံနက် (၁၀) နာရီက လှိုင်းဘွဲမြို့နယ်၊ အောက်ရေပူကျေးရွာအုပ်စု၊ ကော့တာဟိုးကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ကရင်ပြည်နယ် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဒေါက်တာ ကြူကြူလှိုင်က သင်တန်းဖွင့်အမှာစကား ပြောကြား၍ လုပ်ငန်းသုံးပစ္စည်းများ ပေးအပ်ပြီး ကော့ကရိတ်ခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးစောကြည်လင်းက သင်တန်းသုံးကုန်ကြမ်းပစ္စည်းများပေးအပ်ခဲ့သည်။
ယခုဖွင့်လှစ်သည့် မော်တော်ဆိုင်ကယ်ပြုပြင်ထိန်းသိမ်းနည်းပညာသင်တန်း (ပထမအကြိမ်)တွင် သင်တန်းသား (၁၀)ဦးအား (၁.၇.၂၀၂၅) ရက်နေ့မှ (၃၀.၇.၂၀၂၅) ရက်နေ့ထိ သင်တန်းကာလ (၁)လနှင့် (ဒုတိယအကြိမ်)ကို (၇.၈.၂၀၂၅)ရက်နေ့မှ (၂၁.၈.၂၀၂၅) ရက်နေ့ထိ စာတွေ့ (၃၀%) လက်တွေ့ (၇၀%) ဖြင့် သင်ကြားပို့ချသွားမည်ဖြစ်ပြီး ထူးချွန်သင်တန်းသား(၅)ဦးအား ရွေးချယ်၍ ကိုယ်ပိုင်လုပ်ငန်း ထူထောင်နိုင်ရန် ငွေကျပ်(၁၄)သိန်းနှင့် ညီမျှသည့် လုပ်ငန်းသုံးပစ္စည်းများ ပေးအပ်သွားမည်ဖြစ်ပြီး ကျေးလက်နေမိသားစုဝင်ငွေတိုးရေး စီမံကိန်းအတွက် သင်တန်းဖွင့်လှစ်ရခြင်းကြောင်း သိရသည်။
အဆိုပါ အခမ်းအနားသို့ ကရင်ပြည်နယ် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီဌာန၊ ပြည်နယ်ဦးစီးမှူးနှင့် ဒုတိယညွှန်ကြားရေးမှူး၊ ခရိုင်အဆင့်စီမံကိန်းကော်မတီအဖွဲ့ဝင်များ၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးနှင့် စီမံကိန်းကျေးရွာ ကော်မတီဝင်များ၊ ဌာနမှ တာဝန်ရှိဝန်ထမ်းများ၊ သင်တန်းနည်းပြနှင့် သင်တန်းသားများ စုစုပေါင်းအင်အား (၃၀) ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)