သာကေတမြို့နယ်၌ အားကစားနှင့်ကာယပညာဦးစီးဌာနမှကြီးမှူး၍ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲအခမ်းအနား ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ သာကေတမြို့နယ် အမှတ်(၅)အခြေခံပညာအလယ်တန်းကျောင်း၌ အားကစားနှင့်လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲသရုပ်ပြပွဲနှင့် အားကစားပစ္စည်း ပေးအပ်လှူဒါန်းခြင်းအခမ်းအနားကို မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းကာ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယမန်နေ့ နံနက်(၁၀:၀၀)နာရီအချိန်ကကျင်းပခဲ့သည်။

ကျိုက်လတ်မြို့နယ် သစ်တောဦးစီးဌာနက မိုးရာသီပြည်သူများ သစ်ပင်စိုက်ပျိုးနိုင်ရေး ပျိုးပင်ပေါင်း(၂၀,၀၀၀) ပျိုးထောင်ထားရှိ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ် သစ်တောဦးစီးဌာနက သဘာဝပတ်ဝန်းကျင် စိမ်းလန်းစို‌ပြေစေရန်နှင့် ရာသီဥတုအပူဒဏ်ကာကွယ်နိုင်ရေးအတွက် ၂၀၂၅ ခုနှစ်လူထုဖြန့် မိုးရာသီသစ်ပင်စိုက်ပျိုးရန် မန်ဂျန်ရှား၊ စိန်ပန်းကြီး၊ မာလာလူးကား ခရေ ငုရွှေဝါစသည့် ပျိုးပင်ပေါင်း (၂၀၀၀၀) ပျိုးထောင်ထားရှိကြောင်းသိရသည်။

ခန္တီးမြို့၌ အမှိုက်အမျိုးအစားခွဲခြားစွန့်ပစ်နည်း သရုပ်ပြပွဲပြုလုပ်

စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့တွင် ခန္တီးခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနက အမှိုက်များစွန့်ပစ်ရာတွင် စနစ်တကျ ခွဲခြားစွန့်ပစ်တတ်စေရန်ရည်ရွယ်၍ အမှိုက်အမျိုးအစား ခွဲခြားစွန့်ပစ်နည်းသရုပ်ပြပွဲကို အထွေအထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ယမန်နေ့က ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

အုတ်ဖိုမြို့နယ်တွင် နယ်လှည့်စာကြည့်တိုက် အသိပညာပေး ကွင်းဆင်းဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ယနေ့ နံနက်ပိုင်းက အ.မ.က ကွေ့ချောင်း ကျောင်းတွင် နယ်လှည့်စာကြည့်တိုက် အသိပညာပေး ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

ခန္တီးမြို့၌ ၂၀၂၅ ခုနှစ်၊ မြန်မာအမျိုးသမီးများနေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့တွင် ခရိုင်/မြို့နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် ပညာရေးဌာနတို့ ပူးပေါင်း၍ ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ (၃)ရက်နေ့တွင် ကျရောက်မည့် မြန်မာအမျိုးသမီးများနေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် မြန်မာအမျိုးသမီးများနေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲကို ယမန်နေ့က အခြေခံပညာအထက်တန်းကျောင်း(ခန္တီး)၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

မိုးညိုမြို့နယ်၌ အမှိုက်အမျိုးအစားခွဲခြားစွန့်ပစ်ခြင်းဆိုင်ရာ အသိပညာပေးဟောပြောပွဲနှင့် လက်‌တွေ့သရုပ်ပြသခြင်း ဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့၊ ဇောတိကရပ်ကွက်ရှိ မြို့မဈေး၌ အမှိုက်အမျိုးအစားခွဲခြားစွန့်ပစ်ခြင်းဆိုင်ရာ အသိပညာပေးဟောပြောပွဲနှင့် လက်တွေ့သရုပ်ပြသခြင်းကို ယမန်နေ့နံနက် ၉ နာရီအချိန်က ပြုလုပ်ခဲ့သည်။

ကချင်ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့ (၂၁)ကြိမ်မြောက် နှစ်ပတ်လည်အစည်းအဝေး ထပ်ဆင့်ရှင်းလင်းခြင်းနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ကချင်ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့၏ (၂၁)ကြိမ်မြောက် နှစ်ပတ်လည်အစည်းအဝေး ထပ်ဆင့်ရှင်းလင်းခြင်းနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဇူလိုင် ၁ ရက် နံနက် ၉ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံးရှိ မေခခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့ နာယက၊ ပြည်နယ်ဝန်ကြီးချုပ်၏ ဇနီးဒေါ်နန်ဆိုင်းနှင့် နာယကအဖွဲ့ဝင်များ၊ ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့် ခရိုင်/ မြို့နယ်အဖွဲ့ဝင်များတက်ရောက်ခဲ့ကြပြီး အဖွဲ့ဝင်များ၏ လှုပ်ရှားဆောင်ရွက်ခဲ့မှုများနှင့် ရှေးလုပ်ငန်းစဉ်များကို ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။

ဖျာပုံမြို့၌ အခြေခံနှင့် မွမ်းမံစက်ချုပ်နည်းပညာသင်တန်းဖွင့်ပွဲ ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် ခရိုင်အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သော ကျေးလက်နေပြည်သူများ ဝင်ငွေတိုးတက်ရရှိစေရန်နှင့် မိသားစုတစ်ပိုင်တစ်နိုင်ဝင်ငွေတိုးတက်ရရှိပြီး အသေးစား အငယ်စား စက်မှုလက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရန်ရည်ရွယ်၍ အခြေခံနှင့်မွမ်းမံစက်ချုပ်နည်းပညာသင်တန်းဖွင့်ပွဲကို ဇူလိုင်လ(၁)ရက်နေ့ နံနက်(၁၀)နာရီအချိန်က ဖျာပုံခရိုင်အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ရုံးသင်တန်းခန်းမ၌ ကျင်းပပြုလုပ်သည်။

ပေါက်ခေါင်းမြို့နယ်၌ အမျိုးသမီးများနေ့ အထိမ်းအမှတ် သစ်ပင်စိုက်ပွဲ ကျင်းပ

ပဲခူးတိုင်း​ဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ် အမှတ်(၅၃)ခြေလျင်တပ်ရင်း၌ ယမန် နေ့နံနက်ပိုင်းက ၂၀၂၅ ခုနှစ် မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ် မိုးရာသီသစ်ပင်စိုက်ပွဲ အခမ်းအနားကျင်းပပြုလုပ်ခဲ့သည်။

ဒေးဒရဲမြို့နယ် (Community Centre) ခန်းမ၌ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး ဟောပြောပွဲနှင့် ဥာဏစွမ်းရည်ပြိုင်ပွဲများ ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူ၊ လူငယ်များ အသိပညာတိုးပွားစေရေး၊ စာအုပ်စာပေလေ့လာဖတ်ရှုမှုတိုးပွားစေရေး ရည်ရွယ်၍ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲနှင့် အခြေခံပညာမူလတန်းအဆင့် ဥာဏစွမ်းရည်ပြိုင်ပွဲများအား ယမန်နေ့နံနက်(၁၀)နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Subscribe to