မန္တလေးတိုင်းဒေသကြီး  ဝန်ကြီးချုပ်ဦးမျိုးအောင် မြန်မာအီလက်ထရောနစ်မဲပေးစက် ကိုင်တွယ်အသုံးပြုခြင်းဆိုင်ရာဆင့်ပွားသင်တန်း (ပထမအကြိမ်) ဖွင့်ပွဲတက်ရောက်

 ချမ်းအေးသာစံ ဇူလိုင် ၂

မြန်မာအီလက်ထရောနစ် မဲပေးစက် (Myanmar Electronic Voting Machine-MEVM) ကိုင်တွယ်အသုံးပြုခြင်းဆိုင်ရာ ဆင့်ပွားသင်တန်း (ပထမအကြိမ်) ဖွင့်ပွဲအခမ်းအနားကို ဇူလိုင်၁ရက်နံနက်ပိုင်းက ကျောက်ဆည်ခရိုင် ကျောက်ဆည်မြို့ရှိ အမှတ်(၃) အခြေခံပညာ အထက်တန်းကျောင်း အနော်ရထာခန်းမတွင်ကျင်းပရာ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းဒေသကြီးဝန်ကြီးများနှင့် တာဝန်ရှိသူများ၊ ခရိုင် /မြို့နယ် (MEVM) ကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်အဆင့်မဲစာရင်းပြုစုရေး အထောက်အကူပြုအဖွဲ့ဝင်များ၊ သက်ဆိုင်ရာတက္ကသိုလ်၊ ကျောင်းများမှပါမောက္ခချုပ်၊ ကျောင်းအုပ်ကြီး ၊ ခရိုင် ပညာရေးမှူး နှင့် တာဝန်ရှိသူများ၊  ဌာနဆိုင်ရာများ၊ နည်းပြများ၊ သင်တန်းသူ၊ သင်တန်းသားများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်က ၂၀၂၅ ခုနှစ် နှစ်ကုန်ပိုင်းတွင် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲကို အောင်မြင်အောင်ကျင်းပသွားမည်ဖြစ်ပါကြောင်း၊ နိုင်ငံအတွက် အကျိုးကျေးဇူးများစွာရှိပြီး ရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်ပြည်သူလူထုအတွက် အဓိကကျသည့် အခန်းကဏ္ဍက ပါဝင်ဆောင်ရွက်ရမည့် မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVE)၏ ဖွဲ့စည်းတည်ဆောက်ပုံ၊ တပ်ဆင်ပုံ၊အသုံးပြုပုံစသည့် အချက် အလက်များကို သင်တန်းသူ၊ သင်တန်းသားများအနေဖြင့် ရှင်းလင်းသေချာစွာ သိရှိနားလည်အောင် ဂရုတစိုက် လေ့လာမှတ်သားသွားကြရမည် ဖြစ်ပါကြောင်း ပြောကြားသည်။

ယင်းနောက် မန္တလေးတိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ လက်ထောက် ညွှန်ကြားရေးမှူး ဦးအောင်မျိုးဆန်းက မြန်မာအီလက်ထရောနစ် မဲပေးစက်(MEVM)ကို ပြည်တွင်းရှိ နည်းပညာ ဆိုင်ရာအဖွဲ့အစည်းများနှင့် တီထွင်ဆောင်ရွက်ထားမှု၊ ကိုင်တွယ်အသုံးပြုခြင်းဆိုင်ရာ ဆင့်ပွား သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းတင်ပြသည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် သင်တန်းအတွက် ပြင်ဆင်ထားမှုများ၊ သင်တန်း နည်းပြများနှင့် သင်တန်းသူ သင်တန်းသားများအား နှုတ်ဆက် အားပေးစကားများပြောကြားခဲ့ကြောင်း သိရသည်။

ထွန်းထွန်းနိုင်