ဂန့်ဂေါမြို့နယ်၌ ယာယီနေရပ်စွန့်ခွာပြည်သူများအား ထောက်ပံ့ငွေများ ပေးအပ်

ဂန့်ဂေါ ဇူလိုင် ၁၇

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ဂန့်ဂေါမြို့နယ်တွင် ယာယီနေရပ်စွန့်ခွာပြည်သူများအား အမျိုးသားသဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုရန်ပုံငွေဖြင့် တစ်ဦးလျှင် ငွေကျပ် (၂၀၀၀၀/-)နှုန်းဖြင့် ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလနှင့် မတ်လအတွက် ထောက်ပံ့ငွေ (၄၀၀၀၀/-)ကျပ် ပေးအပ်ခြင်းအခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီခွဲအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးအစည်းအဝေးခန်းမ၌ ပေးအပ်ခဲ့သည်။

ရှေးဦးစွာ ဂန့်ဂေါမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးဝင်းက ယာယီနေရပ်စွန့်ခွာပြည်သူများအား အမျိုးသားသဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုရန်ပုံငွေဖြင့် ထောက်ပံ့ငွေပေးအပ်ခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ယာယီနေရပ်စွန့်ခွာပြည်သူ (၉၄၄)ဦးအတွက် တစ်ဦးလျှင် ငွေကျပ်(၂၀၀၀၀/-)နှုန်းဖြင့် ဖေဖော်ဝါရီလနှင့် မတ်လအတွက် ငွေကျပ်(၄၀၀၀၀/-)နှုန်းစီဖြင့် စုစုပေါင်း ငွေကျပ်(၃၇၇၆၀၀၀၀/)ကို ပြည်သူများ၏ လက်ဝယ်အရောက် ထောက်ပံ့ငွေများ ပေးအပ်ခဲ့သည်။

အဆိုပါ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးဝင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁) ဗိုလ်မှူးဝေဖြိုးအောင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ရဲမှူးမြင့်ဝင်းနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ယာယီနေရပ်စွန့်ခွာပြည်သူများ တက်ရောက်ခဲ့ကြပြီး ထောက်ပံ့ငွေထုတ်ယူရန်ကျန်ရှိသူများအားလည်း နောက်ရက်များတွင် ဆက်လက်၍ ထုတ်ပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။

မောင်မျိုးမင်း