ရပ်စောက် ဇူလိုင် ၁၇
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရပ်စောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ (၇၈)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် ဟောပြောပွဲနှင့် လူကုန်ကူးမှုဆိုင်ရာဟောပြောပွဲကို ယမန်နေ့က နံနက်ပိုင်းက ရပ်စောက်မြို့နယ်ရှိ အခြေခံပညာကျောင်းများ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ အမှတ်(၂) အခြေခံပညာမူလတန်းလွန်ကျောင်း၌ နံနက် ၁၀ နာရီတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ယုယုအောင်က လူကုန်ကူးမှုဆိုင်ရာ အသိပညာပေးခြင်းဖြင့်လည်းကောင်း၊ ဒုတိယဦးစီးမှူး ဒေါ်ငြိမ်းမွန်မွန်က (၇၈) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် အကြောင်းအရာများနှင့် ပတ်သက်၍ကိုလည်းကောင်း အသီးသီးဟောပြောခဲ့ကြသည်။ ထို့နောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား/ကျောင်းသူများအား အသိပညာပေး နံရံကပ်စာစောင်များပြသခြင်းနှင့် စာအုပ်စာစောင်ဆောင်ရွက်ခဲ့သည်။
အလားတူ အမှတ် (၁) အခြေခံပညာမူလတန်းလွန်ကျောင်း၌လည်း မွန်းလွဲ ၁ နာရီက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးက လူကုန်ကူးမှုနှင့် ပတ်သက်၍လည်းကောက်း၊ မူးယစ်ဆေးဝါးသုံးစွဲခြင်း၏ ဆိုးကျိုးအန္တရာယ်များနှင့်ပတ်သက်၍ လည်းကောင်း၊ ဒုတိယဦးစီးမှူး ဒေါ်ငြိမ်းမွန်မွန်က (၇၈)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် အကြောင်းအရာများနှင့်ပတ်သက်၍လည်းကောင်း အသီးသီးဟောပြောခဲ့ကြသည်။ ထို့နောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား/ကျောင်းသူ များအား အသိပညာပေး နံရံကပ်စာစောင်များ ပြသခြင်းနှင့် စာအုပ်စာစောင် ဆောင်ရွက်ခဲ့သည်။
မြို့နယ် (ပြန်/ဆက်)