အင်းစိန်မြို့နယ် အမှတ်(၈)အ‌ခြေခံပညာအထက်တန်းကျောင်းတွင် မြန်မာ့ယဥ်‌ကျေးမှုကိုထိန်းသိမ်းတတ်စေရန်နှင့် လွဲမှား‌သောအယူအဆများမရှိ‌စေရေးအသိပညာပေး ဟောပြောပွဲ ကျင်းပ

အင်းစိန် ဇူလိုင် ၁၇

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၌ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်‌ရေးအသင်း၏ကြီးကြပ်မှုဖြင့် အမှတ်(၈)အ‌ခြေခံပညာအထက်တန်းကျောင်း ဧဝရတ်ခန်းမတွင် မြန်မာ့ယဥ်‌ကျေးမှုကိုထိန်းသိမ်းတတ်စေရန်နှင့် လွဲမှား‌သောအယူအဆများမရှိ‌စေရေး အသိပညာပေးဟော ပြောပွဲကို ယမန်နေ့ နံနက်(၁၀)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြကြောင်း သိရသည်။

ဦးစွာ တာဝန်ခံကျောင်းအုပ်ဆရာမဒေါ်လွင်လွင်ဦးက အမှာစကားပြောကြားခဲ့ပြီး ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်‌ရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ခင်နှင်းကြည်က ယဉ်ကျေးမှုကို ထိန်းသိမ်းကြပါစို့ခေါင်းစဉ်ဖြင့် လူငယ်တွေဟာ နိုင်ငံရဲ့အနာဂတ်တွေဖြစ်တဲ့အတွက် ယဉ်ကျေးမှုရိုးရာဓလေ့များ၊ လူအချင်းချင်းဆက်ဆံရာတွင် လိုအပ်သော စည်းမျဉ်းကျင့်ဝတ်များဖြစ်သည့် ကိုယ်ယဉ်ကျေးမှု၊ နှုတ်ယဥ်‌ကျေးမှု၊ စိတ်ယဥ်‌ကျေးမှုများ ထိန်းသိမ်း‌စောက်ရှောက်ရန် လိုအပ်‌ကြောင်း ဟောပြောခဲ့သည်။

ဟောပြောပွဲသို့ ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်စမ်းစမ်းဌေးနှင့်အဖွဲ့ဝင်များ၊  မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့ဝင်များ ဖိတ်ကြားထားသော ဧည့်သည်တော်များနှင့် အ.ထ.က-(၈)မှကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား/သူ စုစုပေါင်း (၁၅၀)ဦးတက်ရောက်ခဲ့ပြီး၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနကပြသထားသော အသိပညာပေး နံရံကပ်စာစောင်များ၊ သုတ၊ ရသ စာအုပ်စာစောင်များ အားစိတ်ပါဝင်စားစွာ လေ့လာကြည့်ရှု့ခဲ့ကြကြောင်း သိရသည်။

ထွန်းလင်းကျော်(ပြန်/ဆက်)