လှည်းကူးမြို့နယ်၌ ကျေးလက်လမ်းဖွံ့ဖြိုးရေးဥပဒေ ရှင်းလင်းဆွေးနွေးပွဲ ကျင်းပ

လှည်းကူး ဇူလိုင် ၁၇

ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်တွင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက ကျေးလက်လမ်းဖွံ့ဖြိုးရေးဥပဒေ ရှင်းလင်းဆွေးနွေးပွဲကို ယမန်နေ့ နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

ဆွေးနွေးပွဲတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးကျော်ဝင်းဦးက အမှာစကားပြောကြားပြီး ရန်ကုန်တိုင်းဒေသကြီး ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး(မြို့ပြ)ဒေါ်စမ်းစမ်းအေးက ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်လာစေရေးနှင့် ကျေးလက်ဒေသများ လမ်းပန်းဆက် သွယ်ရေးကောင်းမွန်တိုးတက်စေရန်ရည်ရွယ်၍ ဥပဒေများရေးဆွဲအကောင်အထည်ဖော်လျက်ရှိကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥပဒေအမှတ်(၃၈/၂၀၂၅) အား ၂၀၂၅ ခုနှစ်၊ မေလ ၁၆ ရက်နေ့တွင် ကျေးလက်လမ်း ဖွံ့ဖြိုးရေးဥပဒေကိုပြဌာန်းခဲ့ကြောင်း၊ အမည်အဓိပ္ပါယ်၊ ဖော်ပြချက်၊ ရည်ရွယ်ချက်များ၊ ဝန်ကြီးဌာန၏ တာဝန်နှင့်လုပ်ပိုင်ခွင့်များ၊ ဦးစီးဌာန၏တာဝန်နှင့်လုပ်ပိုင်ခွင့်များ၊ ကျေးလက်နေပြည်သူများ၏ တာဝန်နှင့်ရပိုင်ခွင့်များ၊ ကျေးလက်လမ်းလုပ်ငန်းများဆောင်ရွက်ခြင်း၊ ပြစ်မှု၊ ပြစ်ဒဏ်များကို ရှင်းလင်းဆွေးနွေးသည်။

ထို့နောက် တက်ရောက်လာကြသူများက သိလိုသည်များကိုမေးမြန်းရာ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး(မြို့ပြ) ဒေါ်စမ်းစမ်းအေးနှင့် တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြားခဲ့ကြောင်း သိရှိရသည်။

အေးအေးနွဲ့(လှည်းကူး)