ကာလိမြို့ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် စာဖတ်ဝိုင်းပြုလုပ်

ကာလိ ဇူလိုင် ၁၇

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကာလိမြို့ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာပေချစ်မြတ်နိုးသူများအသင်း(Youth Club)အသင်းတို့ပူးပေါင်း၍ စာရေးဆရာ အောင်ကိုဦး(UMK) ရေးသားသော လူငယ်တွေ စဉ်းစားဖို့ စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယမန်နေ့ညနေက ပြုလုပ်ခဲ့သည်။

ရှေ့ဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဦးစည်သူအောင်က စာဖတ်ဝိုင်းပြုလုပ်ရခြင်း၏ရည်ရွယ်ချက်ရှင်းလင်းပြောကြားခဲ့ပြီး စာရေးဆရာ အောင်ကိုဦး(UMK) ရေးသားသော လူငယ်တွေစဉ်းစားဖို့စာအုပ်မှ လူငယ်နှင့်အချိန်၊ လူငယ်နှင့်အခွင့်အလမ်းကိုလည်းကောင်း၊ (Youth Club) အဖွဲ့ဝင် နန်းကျိန်ခမ်းက လူငယ်နှင့်စိန်ခေါ်မူများကိုလည်းကောင်း၊ (Youth Club) အဖွဲ့ဝင် မောင်ဇင်မင်းဦးက လူငယ်နှင့်ယဉ်ကျေးမှုကိုလည်းကောင်း၊ မောင်မောဝ်ဆိုင်က အဓိကနှင့်သာမညကိုလည်ကောင်း အသီးသီးဆွေးနွေးပြောကြားခဲ့ပြီး တက်ရောက်လာကြသူများက အပြန်အလှန်ဆွေးနွေးပြောကြားခဲ့သည်။

အဆိုပါ စာရေးဆရာ အောင်ကိုဦး(UMK) ရေးသားသော လူငယ်တွေ စဉ်းစားဖို့ စာအုပ်ဖြင့် စာဖတ်ဝိုင်း ဆောင်ရွက်ခြင်းအားဖြင့် ကျောင်းသားလူငယ်များအနေဖြင့် ကိုယ်ပိုင်အချိန်များကို စီမံခန့်ခွဲတတ်လာနိုင်ခြင်း၊ အခွင့်အလမ်းများကိုကိုယ်တိုင်ဖန်တီးယူနိုင်လာခြင်း၊ မိမိတို့တွေ့ကြုံလာနိုင်သော အခက်အခဲစိန်ခေါ်မူများကိုအလွယ်တကူကျော်ဖြတ်လာနိုင်ခြင်း၊ အဓိကနှင့်သာမညကို ကောင်းစွာခွဲခြားတတ်လာနိုင်ခြင်းစသည့် အကျိုးကျေးဇူးများကို ကောင်းစွာသိရှိနားလည်သွားမည် ဖြစ်ပါသည်။

စည်သူ(ပြန်/ဆက်)