ပေါင် ဇူလိုင် ၁၇
မွန်ပြည်နယ်၊ ပေါင်မြို့နယ်(အထက)ကော့ကရင်ကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေးနှင့် နယ်လှည့်စာကြည့်တိုက်ဆိုင်ရာ အသိပညာပေးဟောပြောပွဲပြုလုပ်ခဲ့ရာ ပေါင်မြို့နယ် ရဲတပ်ဖွဲ့မှူးရဲမှူးမြင့်ဇော်ဦး၊ ဥပဒေအရာရှိဦးမျိုးထက်ကျော်၊ အမှတ်(၆၂)မူးယစ်တပ်ဖွဲ့စု သထုံမှရဲအုပ်စောထင်လင်း၊ ဒေါက်တာသက်နိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒေါ်တင်ဇာစိုးနှင့်ဝန်ထမ်းများ၊ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ ပေါင်မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမြင့်ဇော်ဦးက ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဥပဒေများ၊ ပြစ်မှုပြစ်ဒဏ်များကိုလည်းကောင်း၊ မြို့နယ်ဥပဒေအရာရှိ ဦးမျိုးထက်ကျော်က ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာများကိုလည်းကောင်း၊ အမှတ်(၆၂)မူးယစ်တပ်ဖွဲ့စု သထုံမှရဲအုပ်စောထင်လင်းက မူးယစ်ဆေးဝါး ၏ဆိုးကျိုးများကိုလည်းကောင်း၊ ဒေါက်တာသက်နိုင်က ခွေးရူးရောဂါ၏ဆိုးကျိုးများကိုလည်းကောင်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိဒေါ်တင်ဇာစိုးက စာဖတ်ခြင်း၏အကျိုးကျေးဇူးများ၊ လူကုန်ကူးမှု၏ဆိုးကျိုးများကိုလည်းကောင်း အကျယ်တဝင့်ဟောပြောခဲ့ သည်။
ထို့နောက် ပေါင်မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမြင့်ဇော်ဦးက အထက်ပါဆွေးနွေးခဲ့သည့် အကြောင်းအရာများအပေါ် လိုအပ်သည်များကိုဖြည့်စွက်ဆွေးနွေးခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများက သိလိုသည့်အကြောင်းအရာများကိုမေးမြန်းခဲ့ရာ သက်ဆိုင်ရာတာဝန်ရှိသူများက ပြန်လည်ဖြေကြားခဲ့သည်။ ဆက်လက်၍ ကော့ကရင်ကျောင်းအုပ်ဆရာမကြီး ဒေါ်စန္ဒာမော်က ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့သည်။ တစ်ဆက်တည်းမှာပင် ပေါင်မြို့နယ်ဥပဒေရုံးမှ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ လက်ကမ်းစာစောင်များပေးဝေခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသည့် နံရံကပ်စာစောင်များကို ကျောင်းသား၊ ကျောင်းသူများက ကြည့်ရှုခဲ့ကြောင်း သိရသည်။
မွန်မလေး (ပြန်/ဆက်)