ရန်ကုန် ဇွန် ၁၆
သရက်စိုက်ခင်းကြားသီးနှံမြေနိမ့်ကော်ဖီ (Robusta) စိုက်ပျိုးခြင်းကို ယမန်နေ့ နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်၊ ဥယျာဉ်ခြံဟင်းသီးဟင်းရွက်နှင့် အပင်ဇီဝနည်းပညာဌာနခွဲ၊ ဟင်းသီးဟင်းရွက်သစ်သီးဝလံသုတေသနနှင့် ဖွံ့ဖြိုးရေးဗဟိုဌာန (VFRDC) ရဲမွန်ဝင်းအတွင်းတွင် ကျင်းပသည်။
ဦးစွာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအောင်နိုင်သူနှင့် အဖွဲ့က မြေနိမ့်ကော်ဖီ (Robusta) စိုက်ပျိုးထားရှိမှုအခြေအနေများကို ကြည့်ရှုသည်။
ထို့နောက် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအောင်နိုင်သူနှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး ဦးနေဝင်းအောင်၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ လှည်းကူးမြို့နယ်၊ အ.ထ.က (ငါးဆူတောင်) စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများနှင့် တာဝန်ရှိသူများက စုပေါင်းစိုက်ပျိုးကြသည်။
ထို့နောက် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအောင်နိုင်သူနှင့် အဖွဲ့က ကျောင်းသား၊ ကျောင်းသူများနှင့် တာဝန်ရှိသူများက မြေနိမ့်ကော်ဖီ (Robusta) (၁၅၀) ပင်တို့ကို စိုက်ပျိုးနေမှုများအား လှည့်လည်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
ဇွဲထက်ကို (ပြန်/ဆက်)