ချမ်းအေးသာစံ ဇွန် ၁၆
နိုင်ငံတော်အစိုးရ၏ ရက် ၁၀၀ စီမံချက်ဖြင့် အများပြည်သူများ အဆင်ပြေစေရန် လျှပ်စစ်ဓာတ်အား တိုးတက်ကောင်းမွန်စေရေး၊ လျှပ်စစ်အန္တရာယ်ကင်းရှင်းစေရေး၊ ဗို့အားပြည့်မီစွာ သုံးစွဲနိုင်ရေးအတွက်နှင့် ဌာနပိုင် ထရန်စဖော်မာများ လောင်ကျွမ်းမှုမဖြစ်ပေါ်စေရေး၊ ဓာတ်အားပျောက်ဆုံးမှု လျော့နည်းကျဆင်းရေးတို့အတွက် ထရန်စဖော်မာအသစ်များ တပ်ဆင်ခြင်းကို အမရပူရမြို့နယ်အတွင်းရှိ မှန်တန်းရပ်ကွက်၌ ဇွန် ၁၄ ရက်နေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြသည်။
အမရပူရမြို့နယ်၊ မှန်တန်းရပ်ကွက်၊ အေးဇရပ်မြောက်ပိုင်းတွင် ၁၁/၀.၄ ကေဗွီ (၃၁၅)ကေဗွီအေ ထရန်စမော်မာတစ်လုံးအား တပ်ဆင်ဆောင်ရွက်ခြင်းကို လွှတ်တော်ကိုယ်စား လှယ်များ၊ အမရပူရခရိုင်/ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌများ၊ မန္တလေးလျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း၊ အမရပူရမြို့နယ်မှ သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့က ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ချမ်းမြေ့မောင် (ပြန်/ဆက်)