သံတောင်ကြီးမြို့၌ ကျောင်းနေအရွယ်ကလေးများ Placement Test (အထူး) စာမေးပွဲ ကျင်းပ

သံတောင်ကြီး ဇွန် ၁၆

ကရင်ပြည်နယ် သံတောင်ကြီးမြို့နယ်တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်မှစ၍ အကြောင်းအမျိူးမျိူးကြောင့်ကျောင်းပြင်ပသို့ ရောက်ရှိနေသည့် ကျောင်းနေရွယ် ကလေးများအတွက် Placement Test (အထူး) စာမေးပွဲကို ယမန်နေ့နံနက် (၉) နာရီအချိန်မှစ၍ သံတောင်ကြီးမြို့ အခြေခံပညာအထက်တန်းကျောင်း စာစစ်ဌာနတွင် ကျင်းပပြုလုပ်ခဲ့သည်။

Placement Test (အထူး) စာမေးပွဲကို အထူးအစီအစဉ်အနေဖြင့် ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ကျောင်းပြင်ပသို့ ရောက်ရှိနေသော Grade-1 မှ Grade-8 အထိ ကျောင်းသား (၆၄၀) ဦး၊ ကျောင်းသူ (၇၂၈) ဦး ၊ စုစုပေါင်း (၁၃၆၈) ဦးတို့က အေးချမ်းစွာဖြေဆိုလျက်ရှိကြောင်း သိရသည်။

အဆိုပါ Placement Test (အထူး)စာမေးပွဲကို ဖြေဆိုနေကြသည့် ကျောင်းသားကျောင်းသူများကို မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဆန်းဗိုလ်၊ ခရိုင်ပညာရေးမှူး ဒေါ်စဲဘွယ်ဖော၊ မြို့နယ်ပညာရေးမှူး ဦးအောင်အောင်ပြည့်နှင့် ဘာသာရေးခေါင်းဆောင်ဆရာတော်များက လိုက်လံကြည့်ရှုကာ လိုအပ်သည်များ ပေါင်းစပ် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။                                                                       

Placement Test (အထူး) စာမေးပွဲကို ဇွန်လ ၁၅ ရက်နေ့မှ ၂၀ ရက်နေ့အထိ ဘာသာရပ်အလိုက် ဖြေဆိုကျင်းပမည်ဖြစ်ပြီး ဇူလိုင်လ (၁)ရက်နေ့၌ အောင်စာရင်းထုတ်ပြန်ကြေငြာပေးသွားမည်ဖြစ်ရာ စာမေးပွဲအောင်မြင်သည့် ကျောင်းသူ/ကျောင်းသားများအား ၂၀၂၆-၂၀၂၇ ပညာသင်နှစ်တွင် ပညာဆက်လက်သင်ကြားနိုင်ရန်အတွက် သံတောင်ကြီးမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ ကျောင်းအပ်နှံခြင်းလုပ်ငန်းများ ဆက်လက်ဆောင်ရွက်‌ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

နော်နော်မူ