ထန်းတပင်မြို့နယ်၌ ရက် (၁၀၀) စီမံချက်ဖြင့် ကျောင်းသား၊ ကျောင်းသူများအား ပဏာမမျက်စိကျန်းမာရေးစစ်ဆေးပေးခြင်း ကွင်းဆင်းဆောင်ရွက်

ထန်းတပင် ဇွန် ၁၆

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ထန်းတပင်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ အောင်မင်္ဂလာရပ်ကွက် အခြေခံပညာမူလတန်းလွန် (သူကောင်းဖြစ်) စာသင်ကျောင်းတွင်ရက် (၁၀၀) စီမံချက်ဖြင့် ကျောင်းသား၊ ကျောင်းသူများအား ပဏာမမျက်စိကျန်းမာရေး စစ်ဆေးပေးခြင်းကို ယမန်နေ့ နံနက် ၉ နာရီအချိန်က ဆောင်ရွက်ပေးခဲ့သည်။

ထိုသို့ ဆောင်ရွက်ပေးရာတွင် မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ ကျောင်းကျန်းမာရေးအဖွဲ့ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ မြို့နယ်မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းဝင်များ ဆရာမများ ပူးပေါင်း၍ အခြေခံပညာမူလတန်းလွန် (သူကောင်းဖြစ်) စာသင်ကျောင်း၌ ၂၀၂၆-၂၀၂၇ ပညာသင်နှစ်တွင် တက်ရောက်ပညာသင်ကြားလျက်ရှိသည့် ကျောင်းသား၊ ကျောင်းသူများအား မျက်စိစွေခြင်း အမြင်အားနည်ခြင်းနှင့် လွှဲပြောင်းညွှန်ပို့ခြင်းဆိုင်ရာများကို ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)