ထန်းတပင် ဇွန် ၁၆
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းပြီး ကျောင်းသား ကျောင်းသူ လူငယ်လူရွယ်များ ဗလငါးတန်နှင့်ပြည့်စုံစေရေး လူအများရှေ့တွင် ပြောဆိုရဲသည့် သတ္တိရှိစေရန်နှင့် လူငယ်အချင်းချင်း အသိပညာဗဟုသုတများ ဖလှယ်တတ်စေရန်အတွက် လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က အ.ထ.က (ဇရပ်ကြီး) ကျောင်း မာလာဆောင်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
ဦးစွာ လူငယ်စကားဝိုင်းဆွေးနွေးပွဲတွင် ဒုတိယမြို့နယ်ပညာရေးမှူး ဦးဇာဏီမောင်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဦးသန်းထွန်းအောင်က လူငယ်စကားဝိုင်း ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များဖြစ်သော ကျောင်းသား ကျောင်းသူ လူငယ်မောင်မယ်များ အသိပညာဗဟုသုတများ တိုးတက်လာစေရန်နှင့် ပရိတ်သတ်ရှေ့တွင် ပြောရဲဆိုရဲရှိလာစေရန် ရည်ရွယ်၍ ကျင်းပရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် လူငယ်စကားဝိုင်းဆွေးနွေးပွဲတွင် စေ့စပ်ညှိနှိုင်းသူအဖြစ် ဒုတိယမြို့နယ်ပညာရေးမှူး ဦးဇာဏီမောင်နှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးသန်းထွန်းအောင်တို့က ဦးဆောင်သူအဖြစ်ပါဝင်ပြီး ဆွေးနွေးပွဲကို စတင်ကျင်းပခဲ့ရာ လူငယ်နှင့် ကျန်းမာရေး ခေါင်းစဥ်ဖြင့် Grade -10 မှ မနန်းစင်းရွှေရည်က လည်းကောင်း လူငယ်နှင့်စာပေ ခေါင်းစဥ်ဖြင့် Grade – 12 မှ မဆုမြတ်သဒ္ဒါက လည်းကောင်း လူငယ်နှင့်အားကစား ခေါင်းစဥ်ဖြင့် Grade -11 မှ မသူသူဟန်က လည်းကောင်း လူငယ်နှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေး ခေါင်းစဥ်ဖြင့် Grade – 11 မှ မယွန်းဆစ်ကဗျာက လည်းကောင်း လူငယ်နှင့်နည်းပညာခေါင်းစဥ်ဖြင့် Grade -11 မှ မနန်းမဥ္ဇူက လည်းကောင်း လူငယ်နှင့်စာကြည့်တိုက် ခေါင်းစဥ်ဖြင့် Grade- 11 မှ မောင်နေလှိုင်းဇော်ချိုက လည်းကောင်း အသီးသီးဦးဆောင်ဆွေးနွေးခဲ့ကြပြီး ဆွေးနွေးပြောကြားမှု အကြောင်းအရာများအပေါ် သိရှိလိုသည့်မေးခွန်းများကို ကျောင်းသား ကျောင်းသူများက မေးမြန်းကြရာ ဦးဆောင်ဆွေးနွေးသူများက ပြန်လည်ဖြေကြားခဲ့သည်။
အဆိုပါလူငယ်စကားဝိုင်းသို့ ဒုတိယမြို့နယ်ပညာရေးမှူးနှင့် ဝန်ထမ်းများ ကျောင်းအုပ်ဆရာမကြီး ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)