ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် FunHwa Company Limited ၏ နို့စားနွား မွေးမြူရေးခြံအား ကွင်းဆင်းကြည့်ရှုစစ်ဆေး

ရန်ကုန် ဇွန် ၁၆

ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအောင်နိုင်သူနှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး ဦးနေဝင်းအောင်တို့သည် ယမန်နေ့နံနက်ပိုင်းက FunHwa Company Limited ၏ နို့စားနွား မွေးမြူရေးခြံအား ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။

ဦးစွာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအောင်နိုင်သူနှင့်အဖွဲ့က FunHwa Company Limited ၏ နို့စားနွား မွေးမြူရေးခြံတွင် နို့စားနွား အကောင်ရေ (၂၇၀) မွေးမြူထားရှိမှု အဆင့်ဆင့်တို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများက လုပ်ငန်းအခြေအနေများကို ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များကို မှာကြားသည်။

ထို့နောက် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအောင်နိုင်သူနှင့်အဖွဲ့က FunHwa Company Limited ၏ နို့စားနွား မွေးမြူရေးခြံတွင် နို့အေးနှင့် ဒိန်ချဉ်ထုတ်လုပ်ပုံအဆင့်ဆင့်တို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများက လုပ်ငန်းအခြေအနေများကို ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များကို မှာကြားကြောင်း သိရသည်။

ဇွဲထက်ကို (ပြန်/ဆက်)