အလုံ ဇူလိုင် ၂၆
အလုံခရိုင်၊ အလုံမြို့နယ်၌ လူမှုဝန်ထမ်းဦးစီးဌာန၊ အနာက်ပိုင်းခရိုင်ရုံးမှ ကလေးသူငယ်များအား ကာကွယ်စောင့်ရှောက်ခြင်းနှင့်ပတ်သက်၍ ခရိုင်အဆင့် ကလေး သူငယ်အသိပညာပေး ဟောပြောပွဲကို ယမန်နေ့ မွန်းလွဲပိုင်းက အလုံမူလတန်းကြိုကျောင်း၌ ကျင်းပခဲ့သည်။
ဟောပြောပွဲတွင် ရန်ကုန်အနောက်ပိုင်းခရိုင်မှ ခရိုင်ဦးစီးမှူးဒေါ်ခင်ယုဒါရီက အဖွင့်အမှာစကားနှင့်လူမှုဝန်ထမ်းဦးစီးဌာန၏ လုပ်ငန်းရပ်များအကြောင်း ပြောကြားခဲ့ပြီး ဦးစီးမှူးဒေါ်ပပမောင်က ကလေးသူငယ်များ ကာကွယ်စောင့်ရှောက်ခြင်းဆိုင်ရာအရေးကြီးပုံ၊ ကလေးသူငယ်အခွင့်အရေးများနှင့် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာဥပဒေအကြောင်းတို့ကို ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါအသိပညာပေးဟောပြောပွဲသို့ ကလေးအုပ်ထိန်းသူမိဘများ၊ ညီအကိုမောင်နှမများ၊ ရပ်ရွာပြည်သူလူထု စုစုပေါင်း(၅၀)ဦး တက်ရောက်ခဲ့ကြပြီး ကလေးသူငယ်အခွင့်အရေးများဆိုင်ရာဥပဒေနှင့် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂသဘောတူစာချုပ် လက်ကမ်းစာစောင်များကို ဖြန့်ဝေခဲ့ကြောင်းသိရသည်။
ယောဧရာ(မြို့နယ်ပြန်/ဆက်)