သာပေါင်း ဇူလိုင် ၂၆
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် ငဝန်ဒေါင့်ကြီးကျေးရွာအုပ်စု၊ သပြုငူကျေးရွာတွင် ဇူလိုင်လ ၂၄ ရက်နေ့၌ ဖြစ်ပွားခဲ့သော မိုးရွာသွန်းလေပြင်းတိုက်ခတ်ကာ သစ်ပင်လဲကျ၍ တစ်စိတ်တစ်ပိုင်းပျက်စီးခဲ့ရသည့် နေအိမ် (၂) လုံးရှိ မိသားစုများအား ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ယမန်နေ့ နံနက် ၁၁ နာရီအချိန်က ဆန်ရိက္ခာနှင့်အိမ်ဆောက်ပစ္စည်းဖိုးများ ပေးအပ်ခဲ့သည်။
မိုးသက်လေပြင်းတိုက်ခတ်ကာ သစ်ပင်လဲကျ၍ တစ်စိတ်တစ်ပိုင်းပျက်စီးခဲ့ရသည့် နေအိမ် (၂)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၁၀၀၀၀ဝိ/-) ကျပ်၊ အိမ်ထောင်(၂)စုရှိ လူဦးရေ(၆)ဦးအတွက် ဆန်ရိက္ခာဖိုး (၃၀၀၀၀ိ/-)ကျပ်၊ ပေါင်းငွေ (၁၃၀၀၀၀ိ/-)ကျပ်ကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၁) ဗိုလ်မှူးသန်းနိုင်၊ အဖွဲ့ဝင်(၂) ဦးကျော်တိုး၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိန်ဆန်းနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်မျိုးကိုတို့က ဘေးသင့်မိသားစုများလက်ဝယ်ရောက် ပေးအပ်ခဲ့ကြကြောင်း သိရသည်။
သိန်းမြင့်မျိုးဦး