သာယာဝတီမြို့တွင် လေဆင်နှာမောင်းတိုက်ခတ်မှုကြောင့် လူနေအိမ်တစ်လုံး တစ်စိတ်တစ်ပိုင်း ပျက်စီး

 သာယာဝတီ ဇူလိုင် ၂၆

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီ​မြို့နယ်၊ သုံးဆယ်မြို့၊ စည်ပင်အုပ်စု၊ သိုက်တောကျေးရွာတွင် ယမန်နေ့ နံနက် ၁၀ နာရီက လေဆင်နှာမောင်းတိုက်ခတ်သဖြင့် သစ်ပင်များပြိုလဲမှုကြောင့် စာသင်ကျောင်းနှင့် လူနေအိမ်များအနီး သစ်ပင်များပြိုလဲခြင်းများနှင့် နေအိမ်အချို့ ပျက်ဆီးခြင်းများ ဖြစ်ပွားခဲ့သည်။

အဆိုပါ လေဆင်နှာမောင်းတိုက်ခတ်မှုကြောင့် လဲကျသည့်အပင်များနှင့် တစ်စိတ်တစ်ပိုင်းပျက်စီးခဲ့သည့် လူနေအိမ်အား မီးသတ်ဦးစီးဌာန၊ ပရဟိတအဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့နှင့် ကျေးရွာနေပြည်သူများက ဝိုင်းဝန်းကူညီရှင်းလင်းပေးခဲ့ပြီး နေအိမ်တစ်စိတ်တစ်ပိုင်း ပျက်ဆီးခဲ့မှုတွင် လူနှင့်တိရစ္ဆာန် ထိခိုက်ဆုံးရှုံးမှုမရှိကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)