ခမောက်ကြီးမြို့တွင် ကျောင်းကျန်းမာရေးစစ်ဆေးခြင်းနှင့်သံဓာတ်အားဆေးတိုက်ကျွေးခြင်းများဆောင်ရွက်

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့တွင် ကျေးလက်ကျန်းမာရေးဌာန၊ အထွေထွေအုပ်ချုပ်ရေးမှူးဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့် ဆရာ၊ဆရာမများပူးပေါင်း၍ ခမောက်ကြီးမြို့၊ မူလွန်အမှတ်(၄)ကျောင်းရှိ ကျောင်းသား၊ ကျောင်းသူများအား တစ်ကိုယ်ရည်သန့်ရှင်းမှုနှင့် ကျန်းမာရေး စစ်ဆေးခြင်း၊ သံဓာတ်အားဆေးတိုက်ကျွေးခြင်းကို ယနေ့နံနက် ၉ နာရီက ဆောင်ရွက်ခဲ့သည်။

ကျွန်းစုမြို့၌ ၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ကျောင်းသား၊ ကျောင်းသူ ၁၅၅ ဦး အောင်မြင်

၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ယမန်နေ့နံနက်ပိုင်းက သက်ဆိုင်ရာစာစစ်ဌာနအသီးသီးတွင် ထုတ်ပြန်ခဲ့ရာ တနင်္သာရီ တိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူ ၁၅၅ ဦးအောင်မြင်ခဲ့ရာ ကျွန်းစုမြို့နယ် စာစစ်ဌာနအနေဖြင့် အောင်ချက် ၃၂.၉၈ ရာခိုင်နှုန်းရှိကြောင်း မြို့နယ် ပညာရေးမှူးရုံးမှ သိရသည်။

ငါန်းဇွန်မြို့နယ်၌ ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်မှုရာခိုင်နှုန်း (၇၃.၆၅)ရှိ

မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့အခြေခံပညာအထက်တန်းကျောင်း၌ ၂၀၂၅.ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲအောင်စာရင်းကို ယမန်နေ့နံနက် ၆နာရီမှ စ၍ ထုတ်ပြန်ကြေညာပေးကြောင်း သိရသည်။

ထားဝယ်မြို့မရဲစခန်း(အချုပ်ခန်း)နှင့် ထားဝယ်အကျဉ်းထောင်တို့ရှိ ပြစ်ဒဏ်ကျခံနေသူများ ဥပဒေနှင့်အညီ ရသင့်ရထိုက်သော အခွင့်အရေးများ ခံစားနိုင်ရေး ဆောင်ရွက်

တနင်္သာရီတိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီး ဒေါ်အေးအေးသန်း၊ တိုင်းဒေသကြီး တရားရေး ဦးစီးမှူး ဦးသိန်းထိုက်ဦးနှင့်တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းက ထားဝယ်မြို့မရဲစခန်း(အချုပ်ခန်း) နှင့် ထားဝယ်အကျဉ်းထောင်တို့သို့ သွားရောက် ကြည့်ရှုစစ်ဆေး ပြစ်ဒဏ်ကျခံနေသူများ ဥပဒေနှင့်အညီ ရသင့်ရထိုက်သော အခွင့်အရေးများ ခံစားနိုင်ရေး စသည်တို့နှင့် စပ်လျဉ်း၍ တွေ့ဆုံမေးမြန်းခဲ့ပြီး လိုအပ်သည်များကို ညှိနှိုင်းဆောင်ရွက် ပေးခဲ့ကြောင်းသတင်းရရှိသည်။

ဘားအံမြို့၌ တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်သူ ၁၀၂၆ ဦးရှိပြီး အောင်ချက်ရာခိုင်နှုန်း ၅၅ ဒသမ ၇၉ ရာခိုင်နှုန်း အောင်မြင်

ဘားအံမြို့တွင် ၂၀၂၅ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုအောင်မြင်သူ ၁၀၂၆ဦး ၊၅၅ ဒသမ ၇၉ ရာခိုင်နှုန်းရှိ ၂၀၂၅ခုနှစ်၊တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းကို ယမန်နေ့နံနက် ၆ နာရီက ထုတ်ပြန်ကြေညာခဲ့ရာ ဘားအံမြို့တွင် အောင်မြင်သူ ကျောင်းသား  ၃၀၅နှင့်  ကျောင်းသူ၇၂၁ စုစုပေါင်း ၁၀၂၆ဦး အောင်မြင်ခဲ့ပြီး အောင်မြင်သည့် ရာခိုင်နှုန်းမှာ ၅၅ ဒသမ ၇၉ ရှိကြောင်း သိရသည်။

ထားဝယ်မြို့နယ်ကျေးရွာနေပြည်သူများအတွက်ကဒင်ဝကျေးရွာအဝင်လမ်းလုပ်ငန်း ဆောင်ရွက်

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်ကျေးရွာနေပြည်သူများအတွက် ကဒင်ဝကျေးရွာအဝင် လမ်းလုပ်ငန်းဆောင်ရွက်ရန် ယမန်နေ့နံနက်ပိုင်းက ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးတာဝန်ခံအင်ဂျင်နီယာချုပ်၊ ညွှန်ကြားရေးမှူး(မြို့ပြ)၊ လက်ထောက်ညွှန်ကြားရေးမှူး (မြို့ပြ)နှင့်မြို့နယ်တာဝန်ခံများက ကြည့်ရှုစစ်ဆေးသည်။

မိတ္ထီလာမြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းထုတ်ပြန်ရာ ၅၂.၂၆ ရာခိုင်နှုန်းအောင်မြင်

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်တွင်  ၂၀၂၅ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းကို ဇူလိုင်လ ၂၇ ရက်နေ့နံနက်က သက်ဆိုင်ရာ စာစစ်ဌာနများတွင် ထုတ်ပြန်ရာ ၅၂.၂၆ ရာခိုင်နှုန်း အောင်မြင်ခဲ့ကြောင်း သိရသည်။

ကရင်ပြည်နယ်၊ ဘားအံမြို့တွင် မိုးအဆက်မပြတ်ရွာသွန်းခဲ့၍ သံလွင်မြစ်ရေမြင့်တက်မှုကြောင့် မြေနိမ့်ပိုင်းရှိ ရေဘေးသင့်အိမ်ထောင်စုများ  ကယ်ဆယ်ရေးစခန်းများသို့  ပြောင်းရွှေ့

ကရင်ပြည်နယ်၊ ဘားအံမြို့တွင်  မိုးများအဆက်မပြတ်ရွာသွန်းပြီး  သံလွင်မြစ်ရေလျှံတက်မှုများကြောင့် သံလွင်မြစ်ရေချိန်သည် စိုးရိမ်ရေအမှတ် (၇၅၀)စင်တီမီတာအထက်ကျော်လွန်ပြီး (၈၉၂) စင်တီမီတာသို့ရောက်ရှိခဲ့ရာ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်းဒေသများတွင်နေထိုင်လျက်ရှိသည့် အိမ်ထောင်စုများမှာ မြစ်ရေများနေအိမ်တွင်းသို့ ဝင်ရောက်မှုကြောင့် ဇူလိုင်လ ၂၆ရက်နေ့မှ စတင်၍ ကယ်ဆယ်ရေးစခန်းများသို့ ပြောင်းရွှေ့နေထိုင်လျက်ရှိကြောင်း သိရသည်။

မြဝတီ မြို့တွင်(၂၄)ကြိမ်မြောက် ကရင်ရိုးရာချည်ဖြူဖွဲ့မင်္ဂလာအထိမ်းအမှတ် အထက်တန်း/အလယ်တန်းအဆင့်စာစီစာကုံး၊ကဗျာပြိုင်ပွဲများကျင်းပ

ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့နယ်တွင်(၂၄) ကြိမ်မြောက် ကရင်ရိုးရာချည်ဖြူဖွဲ့ မင်္ဂလာပွဲ​တော်အထိမ်းအမှတ်အဖြစ် အထက်တန်း/အလယ်တန်းအဆင့် စာစီစာကုံး၊ကဗျာ ပြိုင်ပွဲများကို ယမန်နေ့နံနက်  ၉ နာရီက မြို့နယ်ပညာရေးမှူးရုံး၌ ကျင်းပပြုလုပ်ခဲ့သည်။

ရခိုင်ပြည်နယ် မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများ စီမံခန့်ခွဲရေးကော်မတီနှင့် ပြည်နယ်လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့လုပ်ငန်းညှိနှိုင်း 

ရခိုင်ပြည်နယ် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးကော်မတီ၏ (၃/၂၀၂၅) လုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် ပြည်နယ်လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့၏(၄/၂၀၂၅) လုပ်ငန်းညှိနှိုင်းအစည်းဝေးကို ယနေ့နံနက်ပိုင်းက ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Subscribe to