ထားဝယ်မြို့နယ်ကျေးရွာနေပြည်သူများအတွက်ကဒင်ဝကျေးရွာအဝင်လမ်းလုပ်ငန်း ဆောင်ရွက်

ထားဝယ်  ဇူလိုင် ၂၈

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်ကျေးရွာနေပြည်သူများအတွက် ကဒင်ဝကျေးရွာအဝင် လမ်းလုပ်ငန်းဆောင်ရွက်ရန် ယမန်နေ့နံနက်ပိုင်းက ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးတာဝန်ခံအင်ဂျင်နီယာချုပ်၊ ညွှန်ကြားရေးမှူး(မြို့ပြ)၊ လက်ထောက်ညွှန်ကြားရေးမှူး (မြို့ပြ)နှင့်မြို့နယ်တာဝန်ခံများက ကြည့်ရှုစစ်ဆေးသည်။

ထို့နောက်တာဝန်ရှိသူများက ကဒင်ဝကျေးရွာအဝင်လမ်း ၁/၀ မိုင်အရှည်ကတ္တရာလမ်းပျက်အား Regulation ပြုလုပ်၍ ကတ္တရာရေပိတ်လွှာနှစ်ထပ်လောင်းခြင်းလုပ်ငန်း ဆောင်ရွက်ရန်အတွက် ကြည့်ရှုစစ်ဆေးခဲ့ပြီး သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ အချိန်မီပြီးစီးအောင်ဆောင်ရွက်သွားကြရန် လမ်းညွှန်မှာကြားခဲ့သည်။

ကဒင်ဝကျေးရွာအဝင်လမ်း ၁/၀ မိုင်အရှည်ကတ္တရာလမ်းပျက်အား Regulation ပြုလုပ်၍ ကတ္တရာရေ ပိတ်လွှာနှစ်ထပ်လောင်းခြင်းလုပ်ငန်းအား သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်ပြည်ထောင်စု (ငွေလုံးငွေရင်း) ရန်ပုံငွေဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ငွေဇင်ယော်(ထားဝယ်)