မြဝတီ မြို့တွင်(၂၄)ကြိမ်မြောက် ကရင်ရိုးရာချည်ဖြူဖွဲ့မင်္ဂလာအထိမ်းအမှတ် အထက်တန်း/အလယ်တန်းအဆင့်စာစီစာကုံး၊ကဗျာပြိုင်ပွဲများကျင်းပ

မြဝတီ ဇူလိုင် ၂၈

ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့နယ်တွင်(၂၄) ကြိမ်မြောက် ကရင်ရိုးရာချည်ဖြူဖွဲ့ မင်္ဂလာပွဲ​တော်အထိမ်းအမှတ်အဖြစ် အထက်တန်း/အလယ်တန်းအဆင့် စာစီစာကုံးကဗျာ ပြိုင်ပွဲများကို ယမန်နေ့နံနက်  ၉ နာရီက မြို့နယ်ပညာရေးမှူးရုံး၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ အထိမ်းအမှတ်နေ့ပြိုင်ပွဲများကို ခရိုင်ပညာရေးမှူး ဦးစောဝါးလယ်ထူး၏လမ်းညွှန်မှုဖြင့် မြဝတီမြို့နယ်အခြေခံပညာဦးစီးဌာနနှင့် ကရင်စာပေယဥ်ကျေးမှုအသင်းတို့ပူးပေါင်း၍ မြို့နယ် ပညာရေးမှူး ဦးမိုးကျော်နှင့် တာဝန်ကျ ဆရာ၊ဆရာမများကကြီးကြ ပ်ကာသိမှတ်စရာ ကရင်ရိုးရာချည်ဖြူဖွဲ့ မင်္ဂလာ”ခေါင်းစဥ်ဖြင့် (အထက်တန်းဆင့်စာစီစာကုံး)ပြိုင်ပွဲ၌ အခြေခံပညာအထက်တန်းအဆင့် ကျား (၃)ဦး၊မ(၃)ဦး စုစုပေါင်း(၆)ဦး” တူယှဉ်ကာနွှဲ​ပျော် ကရင်ရိုးရာချည်ဖြူ ဖွဲ့ပွဲ​တော်”ခေါင်းစဥ်ဖြင့် (အထက်တန်းဆင့် ကဗျာပြိုင်ပွဲ)တွင် အထက်တန်းအဆင့် ကျောင်းသား (၂)ဦး(၃)ဦး စုစု​ပေါင်း (၅)ဦး၊ ”ဝါ​ခေါင်လကရင်ရိုးရာချည်ဖြူဖွဲ့ မင်္ဂလာ”ခေါင်းစဥ်ဖြင့် (အလယ်တန်းဆင့်စာစီစာကုံး) ပြိုင်ပွဲတွင် အလယ်တန်းအဆင့် ကျား(၂)ဦး၊မ(၁၂)ဦး၊ပေါင်း (၁၄)ဦး၊”ပျော်ရွှင်ပါ​စေကရင်ရိုးရာ ချည်ဖြူဖွဲ့ ဓလေ့” ခေါင်းစဥ်ဖြင့် (အလယ်တန်းဆင့်ကဗျာပြိုင်ပွဲ) တွင် ကျား(၃)ဦး၊မ(၇)ဦး စု​စုပေါင်း(၁၀)ဦးတို့မှ ဝင်ရောက်ယှဥ်ပြိုင်ကြခဲ့သည်။

အဆိုပါ(၂၄)ကြိမ်မြောက် ကရင်ရိုးရာချည်ဖြူဖွဲ့ မင်္ဂလာအထိမ်းအမှတ် အထက်တန်း/အလယ်တန်းအဆင့်စာစီစာကုံး၊ကဗျာပြိုင်ပွဲတွင် ဝင်ရောက်ယှဥ်ပြိုင်ကြသည့် ကျောင်းသား၊ ကျောင်းသူ (၃၅)ဦးတို့မှ ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူ များကို (၈-၈-၂၀၂၅) ရက်နေ့၌ ထာဝရနှစ်သစ်ကူးကွင်းတွင် ကျင်းပမည့် (၂၄)ကြိမ်မြောက်ကရင်ရိုးရာချည်ဖြူဖွဲ့ မင်္ဂလာအထိမ်း အမှတ်အခမ်းအနားတွင် ဆုချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ဆောင်းနှင်းဖြူ(ပြန်/ဆက်)