မြစ်သားမြို့နယ် ကျီတော်ကုန်းအ‌ခြေခံပညာ မူလတန်းလွန်ကျောင်း၌ လူငယ်ရေးရာအသိ ပညာပေးဟောပြော

 မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် မြစ်သားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ယနေ့မွန်းလွဲ(၁)နာရီက ကျီတော်ကုန်း အ‌ခြေခံပညာ မူလတန်းလွန်ကျောင်း အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဟုမ္မလင်းမြို့တွင် တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းထုတ်ပြန် အောင်ချက် ၃၁.၉၆ ရာခိုင်နှုန်းရှိ

စစ်ကိုင်း တိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့တွင် တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများကို ယနေ့နံနက် ၆ နာရီမှ စ၍   မြို့နယ်ပညာရေးမှူးရုံး၊   အ ထ က (၁)စာစစ်ဌာန၊   အ ထ က(၂) စာစစ်ဌာနများတွင်   ထုတ်ပြန်ကြေငြာခဲ့ကြောင်းသိရသည်။     

ပေါင်မြို့နယ်၌ လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ်များ၊ ဓာတ်မီးတိုင်များ၊ သစ်ပင်ကြီးများ ကျိုးကျလဲပြိုခြင်းများ ဖြစ်ပွား

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ အလှပ်ကျေးရွာအုပ်စု၌ ယမန်နေ့နံနက် (၇း၀၅)နာရီခန့်က လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ်များ၊ ဓာတ်မီးတိုင်များ၊ သစ်ပင်ကြီးများ ကျိုးကျလဲပြိုခြင်းများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ကျိုက်ထိုမြို့နယ်တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဂုဏ်ထူးရရှိသူ (၇၁) ဦးရှိပြီး အောင်မြင်သူ (၃၀၁) ဦးရှိ

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်စာရင်းကို ယမန်နေ့ နံနက် ၆ နာရီမှစတင်၍ မြို့နယ်ပညာ‌ရေးမှူးရုံးနှင့် စာစစ်ဌာနများ၌ ထုတ်ပြန်ထားခဲ့ရာ ကျိုက်ထိုမြို့နယ်အတွင်း၌ ဂုဏ်ထူးရရှိသူ(၇၁)ဦးရှိပြီး အောင်မြင်သူ (၃၀၁)ဦး  ရှိကြောင်း သိရသည်။

ဒုတိယဝန်ကြီးဒေါက်တာအောင်ကြီး လှိုင်းတက်ကျေးရွာရှိ စည်သွတ်စက်ရုံသို့သွားရောက်ကြည့်ရှုစစ်ဆေး

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာခရိုင် သာစည်မြို့နယ် လှိုင်းတက်ကျေးရွာအုပ်စု လှိုင်းတက်ကျေးရွာရှိ စည်သွတ်စက်ရုံသို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးနှင့် တာဝန်ရှိသူများက ယနေ့နံနက်ပိုင်းက ကြည့်ရှုစစ်ဆေးကြောင်း သိရသည်။

ပုသိမ်ကြီးမြို့နယ်တွင် ယာယီနေရပ်စွန့်ခွာပြည်သူများအား ထောက်ပံ့ပေးအပ်

မန္တလေးတိုင်းဒေသကြီး အောင်မြေသာစံခရိုင် ပုသိမ်ကြီးမြို့နယ်၊ ကြာနီကန်ကျေးရွာအုပ်စု၊ ကြာနီကန်ကျေးရွာ(မြောက်)ကျောင်းတိုက်တွင် ယမန်နေ့ မွန်းလွဲ ၁နာရီခွဲက ယာယီနေရပ်စွန့်ခွာ ပြည်သူများအား ထောက်ပံ့ပစ္စည်းများ လှူဒါန်းသည်။

မြစ်သားမြို့နယ်တွင် နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား UIDကတ်များ ဆက်လက်ကွင်းဆင်းဆောင်ရွက်ပေး

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား ပင်စင်ထုတ်ယူရာတွင် လွယ်လင့်တကူဖြစ်စေရေးအတွက် နံပါတ်ဆယ်လုံးပါ UID ကတ်များကို နေ့ချင်းပြီး လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံး ဝန်ထမ်းများက ယနေ့နံနက်(၉)နာရီအချိန်က မြို့နယ်မြန်မာ့စီးပွား ရေးဘဏ်ခွဲ၌ ဆက်လက်ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ထားဝယ်ပညာရေးဒီဂရီကောလိပ်၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကျင်းပ

တနင်္သာရီတိုင်းဒေသကြီးလူငယ်ရေးရာကော်မတီက ကြီးမှူးကျင်းပသည့် လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက် ၉ နာရီ က ထားဝယ်မြို့ ထားဝယ်ပညာရေးဒီဂရီကောလိပ်၊ တိက္ခပညာ ခန်းမ၌ ကျင်းပသည်။
Subscribe to