မိတ္ထီလာ ဇူလိုင် ၂၈
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်တွင် ၂၀၂၅ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းကို ဇူလိုင်လ ၂၇ ရက်နေ့နံနက်က သက်ဆိုင်ရာ စာစစ်ဌာနများတွင် ထုတ်ပြန်ရာ ၅၂.၂၆ ရာခိုင်နှုန်း အောင်မြင်ခဲ့ကြောင်း သိရသည်။
မိတ္ထီလာမြို့နယ်တွင် ၂၀၂၅ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို စာစစ်ဌာန(၉)ခုတွင် ကျောင်းသား ကျောင်းသူ ၃၆၉၅ ဦးဝင်ရောက်ဖြေဆိုသည့်အနက် ကျောင်းသား ၇၇၆ ဦး ကျောင်းသူ ၁၁၅၅ ဦး စုစုပေါင်း ၁၉၃၁ ဦး အောင်မြင်ခဲ့ပြီး အဆိုပါ ၁၉၃၁ ဦး အနက် ၆ ဘာသာဂုဏ်ထူးရှင် ၂ ဦး၊ ၅ဘာသာဂုဏ်ထူးရှင် ၅ ဦး၊ ၄ဘာသာဂုဏ်ထူးရှင် ၅၀ ဦး၊ ၃ ဘာသာဂုဏ်ထူးရှင် ၃၃၉ ဦး၊ ၂ဘာသာဂုဏ်ထူးရှင် ၂၅၆ ဦး၊ ၁ဘာသာဂုဏ်ထူးရှင် ၃၄၃ ဦးနှင့် ရိုးရိုးအောင်မြင်သူ ၉၃၆ ဦးရှိကြောင်း သိရသည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)