ငါးသိုင်းချောင်းမြို့တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုသူများအနက် ၅၀.၂၆ ရာခိုင်နှုန်း ဖြေဆိုအောင်မြင်

ဧရာဝတီတိုင်းဒေသကြီး၊ ငါးသိုင်းချောင်း မြို့တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တက္ကသိုလ်ဝင်တန်း စာမေးပွဲ အောင်စာရင်းများ ကိုယနေ့ နံနက် ၆ နာရီမှစတင်၍ မြို့နယ်ပညာရေးမှူးရုံးနှင့် စာစစ်ဌာနတို့၌ ထုတ်ပြန်ထားခဲ့ရာ ငါးသိုင်းချောင်း မြို့အတွင်း၌ တက္ကသိုလ်ဝင်တန်း အောင်မြင်သူ ၅ဝ.၂၆ ရာခိုင်နှုန်း ရှိကြောင်း သိရသည်။

၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ဖျာပုံမြို့နယ်မှ(၅)ဘာသာဂုဏ်ထူး ရရှိသူ (၃)ဦးရှိပြီး မြို့နယ်အဆင့်အောင်ချက်ရာနှုန်း(၄၆.၈၁%)ရှိ

၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်မှ (၅)ဘာသာဂုဏ်ထူးရရှိသူ(၃)ဦးရှိပြီး မြို့နယ်အဆင့်အောင်ချက်ရာနှုန်း (၄၆.၈၁%) ရှိကြောင်း သိရှိရသည်။

ဖျာပုံမြို့နယ်တွင် ကိုယ်ဝန်ဆောင်မိခင်များ၊ မွေးပြီးမိခင်များ၊ (၅)နှစ်အောက် ကလေးများ ကျန်းမာရေးမြှင့်တင်ပေးမှုနှင့်ကျား၊မအခြေပြုသင်တန်းဖွင့်လှစ်

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် ကိုယ်ဝန်ဆောင်မိခင်များ၊ မွေးပြီးမိခင်များ၊ (၅)နှစ်အောက် ကလေးများ ကျန်းမာရေးမြှင့်တင်ပေးမှုနှင့် ကျား၊မ အခြေပြုသင်တန်းဖွင့်ပွဲအခမ်းအနားကိုယမန်နေ့နံနက်ပိုင်းအချိန်ကအမှတ် (၆)ရပ်ကွက်၊ မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းရုံး ခန်းမတွင် ကျင်းပဆောင်ရွက်သည်။

ညောင်တုန်းမြို့နယ်၌ ၂၀၂၅ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် မြို့နယ်အဆင့် ၅၂.၁၃ရာခိုင်နှုန်းဖြေဆိုအောင်မြင်

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် ၂၀၂၅ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းကို ယမန်နေ့နံနက်ပိုင်းက သက်ဆိုင်ရာစာစစ်ဌာနများတွင် ထုတ်ပြန်ကပ်ထားကြေညာခဲ့ပြီး စာစစ်ဌာန(၁၁)ခုတွင် ဝင်ရောက် ဖြေဆိုသူ(၈၂၃)ဦးရှိရာ အောင်မြင်သူဦးရေ (၄၂၉)ဦးရှိပြီး မြို့နယ်အဆင့်  ၅၂.၁၃ရာခိုင်နှုန်း ဖြေဆိုအောင်မြင် ကြောင်းသိရ သည်။

လပွတ္တာမြို့နယ်တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်ချက် ၃၆ ဒသမ ၇၄ ရာခိုင်နှုန်းရှိ

ဧရာဝတီတိုင်းဒေသကြီး လပွတ္တာခရိုင် လပွတ္တာမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၏ တက္ကသိုလ်ဝင်တန်း စာမေးပွဲအောင်မြင်သူများစာရင်းကို စာစစ်ဌာနအသီးသီးတွင် ယမန်နေ့ နံနက်ပိုင်းမှစတင်၍ ထုတ်ပြန်ခဲ့ရာ အောင်ချက် ၃၆ ဒသမ ၇၄ ရာခိုင်နှုန်းရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

ခန္တီးမြို့နယ်၌ ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်တန်း အောင်စာရင်းထုတ်ပြန်‌ကြေညာ

၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်တန်းအောင်စာရင်းကို နိုင်ငံတစ်ဝန်းတွင် ယမန်နေ့ ဇူလိုင်လ(၂၇)ရက်နေ့၌ ထုတ်ပြန်‌ကြောညာလျက်ရှိရာ စစ်ကိုင်းတိုင်းဒေသကြီး၊ နံနက်(၆)နာရီအချိန်က မြို့နယ်ပညာရေးမှူးရုံးနှင့် စာစစ်ဌာန အ.ထ.က(ခန္တီး) ကျောင်းတို့တွင် ထုတ်ပြန်ကြေညာခဲ့‌ကြောင်းသိရသည်။

ညောင်တုန်းမြို့နယ်တွင် ဝါခေါင်လကရင်ရိုးရာ ချည်ဖြူဖွဲ့မင်္ဂလာ(လက်ချည်ပွဲ)အခမ်းအနားကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ် ကရင်တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်းမှ ဦးဆောင်ကျင်းပသော ဝါခေါင်လကရင်ရိုးရာ ချည်ဖြူဖွဲ့မင်္ဂလာ(လက်ချည်ပွဲ)အခမ်းအနားကို ဇူလိုင်လ၊ ၂၇ရက်နေ့ နံနက်ပိုင်းက ညောင်တုန်းမြို့၊အမှတ်(၃)ရပ်ကွက်ရှိ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အမာမြို့၊ အခြေခံပညာအထက်တန်းကျောင်း၌  ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများ ထုတ်ပြန်‌ ကြေညာ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့တွင် ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများကို ယမန်နေ့ နံနက်(၆)နာရီအချိန်၌ အမာမြို့ အခြေခံပညာ အထက်တန်းကျောင်းတွင် ထုတ်ပြန်ကြေညာ ပေးထားကြောင်း သိရသည်။

ဇလွန်မြို့နယ်တွင်၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို စာစစ်ဌာန (၁၁)ခု၌ဖြေဆိုရာ အောင်ချက်(၄၉.၈၀) ရာခိုင်နှုန်းအောင်မြင်

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတ ခရိုင်၊ ဇလွန်မြို့နယ်တွင် ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲကို စာစစ်ဌာန ( ၁၁ ) ခုတို့၌ ဖြေဆိုခဲ့ရာ အောင်ချက် (၄၉ .၈၀ ) ရာခိုင်နှုန်း‌ အောင်မြင် ကြောင်း မြို့နယ်ပညာရေးမှူးရုံးက သိရသည်။

ကော့ကရိတ်မြို့တွင်းနေ ပြည်သူများအား အခြေခံစားသောက်ကုန်များပေးအပ်

တပ်မတော်အနေဖြင့် ပြည်သူလူထု အေးချမ်းစွာနေထိုင်နိုင်ရေးအတွက် KNU/LNLAနှင့်PDF အကြမ်းဖက် ပူးပေါင်းအဖွဲ့များနှောင့်ယှက်ပိတ်ဆို့ထားသည့် ကျုံဒိုး-ကော့ကရိတ် ပြည်ထောင်စု ကားလမ်းမကြီးအား ပြန်လည် ထိန်းချုပ်ဖွင့်လှစ်နိုင်ခဲ့ပြီးဖြစ်ရာ ကော့ကရိတ်မြို့တွင်းနေပြည်သူများ နေထိုင်စားသောက်မှုအဆင်ပြေစေရေး ကရင်ပြည်နယ်အစိုးရအဖွဲ့က  ဇူလိုင် ၂၈ ရက် နံနက်ပိုင်းက ဒေါနခန်းမ၌ အခြေခံစားသောက်ကုန်များ ဖြန့်ဝေပေးအပ်ခဲ့သည်။
Subscribe to