ငါန်းဇွန်မြို့နယ်၌ ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်မှုရာခိုင်နှုန်း (၇၃.၆၅)ရှိ

ငါန်းဇွန်  ဇူလိုင် ၂၈

မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့အခြေခံပညာအထက်တန်းကျောင်း၌ ၂၀၂၅.ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲအောင်စာရင်းကို ယမန်နေ့နံနက် ၆နာရီမှ စ၍ ထုတ်ပြန်ကြေညာပေးကြောင်း သိရသည်။

ငါန်းဇွန်မြို့နယ်တွင် ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ငါန်းဇွန်အ.ထ.ကစာစစ်ဌာန၌ ဖြေဆိုသူ (၂၇၇)ဦးရှိပြီး အောင်မြင်သူ (၂၀၄)ဦးရှိရာ အောင်ချက်ရာခိုင်နှုန်း (၇၃.၆၅%)ရှိကြောင်းနှင့် တစ်ဘာသာ ဂုဏ်ထူးရှင်(၆၅)ဦး၊ နှစ်ဘာသာဂုဏ်ထူးရှင် (၁၇)ဦး၊ သုံးဘာသာဂုဏ်ထူးရှင် (၇)ဦး၊ လေးဘာသာဂုဏ်ထူးရှင် (၁)ဦးရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။        

သက်နောင်ဦး(ငါန်းဇွန်)