မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင် မင်းလှမြို့နယ် အခြေခံပညာအထက်တန်းကျောင်း၏ နွေရာသီဘင်ခရာသင်တန်းဆင်းပွဲအခမ်းအနား တက်ရောက်
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့အခြေခံပညာအထက်တန်းကျောင်း၏ နွေရာသီ ဘင်ခရာသင်တန်းဆင်းပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီက မင်းလှမြို့၊ မြို့တော်ခန်းမ၌ ကျင်းပရာ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်၊ တိုင်းဒသကြီး ၀န်ကြီးများ၊ တိုင်း/ခရိုင်/မြို့နယ်အဆင့်ဌာန ဆိုင်ရာတာ၀န်ရှိသူများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ကြသည်။