ကျွန်းစုမြို့၌ ၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ကျောင်းသား၊ ကျောင်းသူ ၁၅၅ ဦး အောင်မြင်

ကျွန်းစု ဇူလိုင် ၂

၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ယမန်နေ့နံနက်ပိုင်းက သက်ဆိုင်ရာစာစစ်ဌာနအသီးသီးတွင် ထုတ်ပြန်ခဲ့ရာ တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူ ၁၅၅ ဦးအောင်မြင်ခဲ့ရာ ကျွန်းစုမြို့နယ် စာစစ်ဌာနအနေဖြင့် အောင်ချက် ၃၂.၉၈ ရာခိုင်နှုန်းရှိကြောင်း မြို့နယ် ပညာရေးမှူးရုံးမှ သိရသည်။

ကျွန်းစုမြို့နယ်တွင် ၂၀၂၅ ပညာသင်နှစ်အတွင်း တက္ကသိုလ်ဝင်စာမေးပွဲအား စာရင်းရှိ ကျောင်းသား၊ ကျောင်းသူ (၅၁၃)ဦးအနက် (၄၇၀)ဦး ဝင်ရောက်ဖြေဆိုခဲ့ကြရာ (၁၅၅)ဦး အောင်မြင်ခဲ့ပြီး အောင်မြင်မှုရာခိုင်နှုန်း (၃၂.၉၈%)ရှိရာ ဂုဏ်ထူးရကျောင်းသား၊ ကျောင်းသူဦးရေမှာ (၁)ဘာသာဂုဏ်ထူးရှင်(၄)ဦး၊ (၂)ဘာသာဂုဏ်ထူးရှင်(၁)ဦး၊ (၃)ဘာသာဂုဏ်ထူးရှင်(၁)ဦးရှိကြောင်း သိရသည်။

ထက်မြင့်(ကျွန်းစု)