ဘားအံမြို့၌ တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်သူ ၁၀၂၆ ဦးရှိပြီး အောင်ချက်ရာခိုင်နှုန်း ၅၅ ဒသမ ၇၉ ရာခိုင်နှုန်း အောင်မြင်

ဘားအံ ဇူလိုင်  ၂၈

ဘားအံမြို့တွင် ၂၀၂၅-ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုအောင်မြင်သူ ၁၀၂၆ဦး၊၅၅ ဒသမ ၇၉ ရာခိုင်နှုန်းရှိ ၂၀၂၅ခုနှစ်တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းကို ယမန်နေ့နံနက် ၆ နာရီက ထုတ်ပြန်ကြေညာခဲ့ရာ ဘားအံမြို့တွင် အောင်မြင်သူ ကျောင်းသား  (၃၀၅)နှင့်  ကျောင်းသူ(၇၂၁) စုစုပေါင်း (၁၀၂၆)ဦး အောင်မြင်ခဲ့ပြီး အောင်မြင်သည့် ရာခိုင်နှုန်းမှာ (၅၅ ဒသမ ၇၉) ရှိကြောင်း သိရသည်။

ဘားအံမြို့တွင်တက္ကသိုလ်ဝင်စာမေးပွဲ ကျောင်းတွင်းနှင့် ကျောင်းပြင်ပ၌ ဖြေဆိုသည့်ဦးရေ ၁၈၃၉ဦးရှိသည့်အနက် အောင်မြင်သည့် ကျောင်းသား၊ ကျောင်းသူ ၁၀၂၆နှင့် ထူးချွန်စွာ အောင်မြင်ခဲ့ကြသည့် (၅)ဘာသာဂုဏ်ထူးရှင် နှစ်ဦး၊ (၄)ဘာသာဂုဏ်ထူးရှင် ငါးဦး၊  (၃)ဘာသာဂုဏ်ထူးရှင် ၁၅ဦး၊ (၂)ဘာသာဂုဏ်ထူးရှင်၂၁ဦးနှင့် (၁) ဘာသာဂုဏ်ထူးရှင် ၉၇ဦး စုစုပေါင်း ၁၄၀ ထူးချွန်စွာ အောင်မြင်ခဲ့ကြကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

ကရင်ပြည်နယ် ဘားအံခရိုင် ဘားအံမြို့တွင် တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်ထုတ်ပြန်ချက်အရ ၂၀၂၄ခုနှစ်တွင် အောင်ချက်  ၅၃ ဒသမ ၆၆ရာခိုင်နှုန်းရှိခဲ့ပြီး ယခုနှစ်ထုတ်ပြန်သည့် အောင်ချက်ရာခိုင်နှုန်းနှင့်နှိုင်းယှဉ်လျှင် တိုးတက်မှုရှိကြောင်းသိရသည်။

ခရိုင်(ပြန်/ဆက်)