ခမောက်ကြီး ဇူလိုင် ၂၈
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့တွင် ကျေးလက်ကျန်းမာရေးဌာန၊ အထွေထွေအုပ်ချုပ်ရေးမှူးဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့် ဆရာ၊ဆရာမများပူးပေါင်း၍ ခမောက်ကြီးမြို့၊ မူလွန်အမှတ်(၄)ကျောင်းရှိ ကျောင်းသား၊ ကျောင်းသူများအား တစ်ကိုယ်ရည်သန့်ရှင်းမှုနှင့် ကျန်းမာရေး စစ်ဆေးခြင်း၊ သံဓာတ်အားဆေးတိုက်ကျွေးခြင်းကို ယနေ့နံနက် ၉ နာရီက ဆောင်ရွက်ခဲ့သည်။
အဆိုပါကျန်းမာရေးစစ်ဆေးခြင်းနှင့်သံဓာတ်အားဆေးတိုက်ကျွေးခြင်းကို ခမောက်ကြီးမြို့ ကျေးလက်ကျန်းမာရေးဌာနခွဲမှ ဘက်စုံသားဖွားဆရာမဒေါ်ခိုင်ယမင်းပွင့်က (KG) ကျောင်းသား၊ ကျောင်းသူများအား အရပ်တိုင်းပေးခြင်း၊ ကိုယ်အလေးချိန်တိုင်းပေးခြင်း၊ သွား၊ မျက်လုံး၊ နား၊ နှာခေါင်း၊ လည်ပင်းစသည့် တစ်ကိုယ်ရည်သန့်ရှင်းမှုနှင့် ကျန်းမာရေးစစ်ဆေးခြင်း၊ သံဓာတ် အားဆေးတိုက်ကျွေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ခမောက်ကြီး (ပြန်/ဆက်)