သာပေါင်းမြို့နယ် မြေစာရင်းဦးစီးဌာနမှ ၁၃၈၇ ခုနှစ်၊ ဝါခေါင်လဆန်း(၂)ရက်နေ့ ပထမအကြိမ် သံဃိက သံဃာ့ဒါနအာရုဏ်ဆွမ်းပါတ် စုပေါင်းလောင်းလှူပူဇော်

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် နှစ်စဉ်‌နှစ်တိုင်း ဝါတွင်းကာလတစ်လျောက်လုံး မြို့ပေါ်၊ နယ်ပေါ်ရှိ ဘုန်းတော်ကြီးကျောင်းများတွင် သတင်းသုံး ဝါဆို၊ ဝါကပ်တော်မူကြသော ရဟန်းသံဃာတော်များကိုလောင်းလှူပူဇော်နေကြ သံဃိက သံဃာ့ဒါနအာရုဏ်ဆွမ်း၊ ဆွမ်းဟင်း အာဟာရဒါနများ ဆက်ကပ်လောင်းလှူပူဇော်ပွဲကို ဇူလိုင်လ ၂၆ ရက်၊ ၁၃၈၇ ခုနှစ်၊ ဝါခေါင်လဆန်း(၂)ရက်နေ့နံနက် ၄ နာရီအချိန်မှ စတင်၍ မြို့နယ်‌မြေစာရင်းဦးစီးဌာနမှ ပထမအကြိမ်အာရုဏ်ဆွမ်းပါတ် စုပေါင်းလောင်းလှူပူဇော်ကြသည်။

ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်းရှိ သဘာဝဘေးကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုများအား ဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ ကွင်းဆင်းကြည့်ရှု

‎ရှမ်းပြည်(တောင်ပိုင်း) ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်၌ ဇူလိုင် ၂၅ ရက်နေ့မှ ၂၇ ရက်နေ့အထိ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုများကြောင့် ကားလမ်းများရေကျော်ခြင်း၊ တံတားများကျိုးကျပျက်စီးခြင်းနှင့် တောင်ကျရေများစီးဝင်မှုကြောင့် လူနေအိမ်အချို့မျောပါခြင်းများဖြစ်ပေါ်ခဲ့ရာ ထိခိုက်ပျက်စီးမှုများအား ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအာကာလင်းနှင့် သက်ဆိုင်ရာတာဝန်ရှိသူများက ယမန်နေ့နံနက်ပိုင်းတွင် ကွင်းဆင်းကြည့်ရှုခဲ့ကြကြောင်း သိရ သည်။

မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ကျိုက္ကော်ရပ်ကွက်၊ ရန်ကုန်-မော်လမြိုင် အဝေးပြေးကားလမ်းမပေါ် ရေကျော်

မွန်ပြည်နယ်၊ သထုံမြို့နယ်၊ သုဝဏ္ဏဝတီမြို့တွင် မိုးသည်းထန်စွာ အဆက်မပြတ်ရွာသွန်းပြီး တောင်ကျရေများစီးဆင်းမှုကြောင့် ဇူလိုင် ၂၇ ရက်နေ့ နံနက်က ကျိုက္ကော်ရပ်ကွက် မြို့မဈေးအရှေ့ရှိ ရန်ကုန်-မော်လမြိုင်အဝေးပြေးကားလမ်းမပေါ် ရေကျော်ကာ ယာဉ်များအသွားအလာခက်ခဲမှု ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

မွန်ပြည်နယ်ဝန်ကြီးချုပ် အငြိမ်းစားဝန်ထမ်းများအား Smart Card များ ပြုလုပ်ပေးနေမှု ကြည့်ရှုစစ်ဆေး၍ အစည်းအဝေးများ တက်ရောက်

မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ် မြန်မာ့စီးပွားရေးဘဏ်ခွဲ(၁)၌ ယမန်နေ့နံနက်ပိုင်းက ပင်စင်လာရောက်ထုတ်ယူကြသော နိုင်ငံ့ဝန်ထမ်း (အငြိမ်းစား)များအား ကိုယ်ရေးအချက်အလက် (Biographic)၊ ဇီဝဆိုင်ရာအချက်အလက် (Biometric) ကောက်ယူခြင်းနှင့် Smart Card များ ဆောင်ရွက်ပေးနေမှုတို့ကို ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများက သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။

ကျိုက်လတ်မြို့နယ်တွင် ၂၀၂၅ ခုနှစ်တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်သူ (၄၇၂) ဦးရှိ၍ အောင်ချက်ရာခိုင်နှုန်း (၄၃.၁၁) ရှိ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို စာစစ်ဌာန (၈) ခုမှ ဝင်ရောက်ဖြေဆိုသူ (၁၀၉၅) ဦးရှိပြီး အောင်မြင်သူ (၄၇၂) ဦးရှိသဖြင့် (၄၃.၁၁) ရာခိုင်နှုန်းရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

ပခုက္ကူမြို့၊ အမှတ်(၃)အခြေခံပညာအလယ်တန်းကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေး စာဖတ်ဝိုင်း ဆွေးနွေးပွဲပြုလုပ်

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းပြီး စာဖတ်ရှိန်မြှင့်တင်ရေးနှင့် ဗလငါးတန်ဖွံ့ဖြိုးတိုးတက်ရေးရည်ရွယ်၍ စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က ပခုက္ကူမြို့၊ အမှတ်(၃)အခြေခံပညာ အလယ်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ကျွန်းလှမြို့နယ်၌ မိုးစပါး ပန်းတိုင်အထွက်ရရှိရေး သရုပ်ပြစိုက်ပျိုး

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် စပါးသီးနှံ အဓိကစိုက်ပျိုးကြပြီး မိုးစပါး ပန်းတိုင်အထွက်ရရှိရေးအတွက် သရုပ်ပြစိုက်ပျိုးခြင်းကို ယနေ့နံနက် ၉ နာရီက တပ်ကုန်းကျေးရွာ၊ ကွင်းမှတ် (၄၉၅) တောင်သူ ဦးမင်းနိုင်၏ လယ်မြေ၌ ကျင်းပသည်။

ရေကြည်မြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်သူ(၄၂) ဒသမ (၉၅) ရာခိုင်နှုန်းရှိ

ဧရာဝတီတိုင်းဒေသကြီး ကျုံပျော်ခရိုင် ရေကြည်မြို့နယ်အတွင်း ၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းများကို ယမန်နေ့နံနက်ပိုင်းအချိန်က မြို့နယ်ပညာ ရေးမှူးရုံးတွင် ထုတ်ပြန်ကြေညာခဲ့ရာမြို့နယ် အတွင်းဖြေဆိုသူစုစုပေါင်း (၁၀၅၀)ဦးဖြေဆိုခဲ့ပြီး‌ အောင်မြင်သူ (၄၅၁)ဦးဖြင့် အောင်ချက်ရာခိုင်နှုန်းမှာ (၄၂) ဒသမ (၉၅) ရာခိုင်နှုန်းအောင်မြင် ခဲ့ကြောင်းသိရသည်။   

ဝါးခယ်မတွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဂုဏ်ထူးရကျောင်းသား/ ကျောင်းသူ ၇၅ ဦး၊ အောင်ချက် ၄၇ ဒသမ ၅၆  ရာခိုင်နှုန်းရှိ

၂၀၂၄-၂၀၂၅ ပညာသင်နှစ်၏ တက္ကသိုလ်ဝင်တန်း စာမေးပွဲအောင်မြင်သူများစာရင်းကို မြန်မာနိုင်ငံတစ်ဝှမ်းရှိ မြို့နယ်ပညာရေးမှူးရုံးများနှင့် စာစစ်ဌာနများတွင် ဇူလိုင်လ(၂၇)ရက်နေ့ နံနက်ပိုင်းမှစတင်၍ ထုတ်ပြန်ခဲ့ရာ ဝါးခယ်မမြို့တွင် ဂုဏ်ထူးရကျောင်းသား/ ကျောင်းသူ စုစုပေါင်း ၇၅ ဦး၊ အောင်ချက် ၄၇ ဒသမ ၅၆  ရာခိုင်နှုန်းရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

စစ်ကိုင်းမြို့တွင် တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းထုတ်ပြန် အောင်ချက် ၄၆.၇၂ ရာခိုင်နှုန်းရှိ

စစ်ကိုင်းမြို့တွင် တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်များကို ဇူလိုင်လ ၂၇ နံနက် ၆ နာရီမှ စ၍ မြို့နယ်ပညာရေးမှူးရုံး၊ အ.ထ.က(၁)စာစစ်ဌာန၊ အ.ထ.က(၃) စာစစ်ဌာနများတွင် ထုတ်ပြန်ကြေညာပေးခဲ့ကြောင်း သိရသည်။
Subscribe to