လပွတ္တာမြို့နယ်တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်ချက် ၃၆ ဒသမ ၇၄ ရာခိုင်နှုန်းရှိ

လပွတ္တာ     ဇူလိုင်  ၂၈

ဧရာဝတီတိုင်းဒေသကြီး လပွတ္တာခရိုင် လပွတ္တာမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၏ တက္ကသိုလ်ဝင်တန်း စာမေးပွဲအောင်မြင်သူများစာရင်းကို စာစစ်ဌာနအသီးသီးတွင် ယမန်နေ့ နံနက်ပိုင်းမှစတင်၍ ထုတ်ပြန်ခဲ့ရာ အောင်ချက် ၃၆ ဒသမ ၇၄ ရာခိုင်နှုန်းရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

အဆိုပါ တက္ကသိုလ်ဝင်တန်း စာမေးပွဲကို လပွတ္တာမြို့နယ်အနေဖြင့် စာစစ်ဌာန ၇ ခုတို့တွင် ကျောင်းတွင်းနှင့် ပြင်ပဖြေဆိုသူစုစုပေါင်း ၁၀၉၇ ဦးရှိခဲ့ပြီး အောင်မြင်သူ ဦးရေ ၄၀၃ ဦးဖြင့် အောင်ချက်ရာခိုင်နှုန်း ၃၆ ဒသမ ၇၄ ရာခိုင်နှုန်းရှိကြောင်း၊ အောင်မြင်သူများထဲတွင် လေးဘာသာဂုဏ်ထူးရှင် ၂ ဦး၊ သုံးဘာသာဂုဏ်ထူးရှင် ၅ ဦး၊ နှစ်ဘာသာ ဂုဏ်ထူးရှင် ၁၁ ဦးနှင့် တစ်ဘာသာဂုဏ်ထူးရှင် ၂၀ ဦးထွက်ပေါ်ခဲ့ကြောင်းနှင့် ရိုးရိုးအောင် ၃၆၅ ဦးရှိကြောင်း သိရသည်။

ယင်းတက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်စာရင်းအား ကျောင်းသား၊ ကျောင်းသူများနှင့် ကျောင်းသားမိဘများက သက်ဆိုင်ရာ စာစစ်ဌာနအသီးသီးတွင် လာရောက်ကြည့်ရှုလျက်ရှိ ကြောင်း သိရသည်။

ဟိန်းထက်လင်း(ပြန်/ဆက်)