ညောင်တုန်းမြို့နယ်၌ ၂၀၂၅ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် မြို့နယ်အဆင့် ၅၂.၁၃ရာခိုင်နှုန်းဖြေဆိုအောင်မြင်

ညောင်တုန်း ဇူလိုင် ၂၈

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် ၂၀၂၅ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းကို ယမန်နေ့နံနက်ပိုင်းက သက်ဆိုင်ရာစာစစ်ဌာနများတွင် ထုတ်ပြန်ကပ်ထားကြေညာခဲ့ပြီး စာစစ်ဌာန(၁၁)ခုတွင် ဝင်ရောက် ဖြေဆိုသူ(၈၂၃)ဦးရှိရာ အောင်မြင်သူဦးရေ (၄၂၉)ဦးရှိပြီး မြို့နယ်အဆင့်  ၅၂.၁၃ရာခိုင်နှုန်း ဖြေဆိုအောင်မြင် ကြောင်းသိရ သည်။

၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ညောင်တုန်းမြို့နယ်မှ (၄)ဘာသာဂုဏ်ထူးရရှိသူ(၂)ဦး၊ (၃)ဘာသာ ဂုဏ်ထူးရရှိသူ (၂) ဦး၊ (၂)ဘာသာဂုဏ်ထူးရရှိသူ(၉)ဦး၊ (၁)ဘာသာဂုဏ်ထူးရရှိသူ (၁၇)ဦးနှင့် ရိုးရိုးအောင်မြင်သူ (၃၉၉)ဦး စုစုပေါင်း အောင်မြင်သူ (၄၂၉)ဦးရှိပြီး ဘာသာရပ်အလိုက်ဂုဏ်ထူးရရှိသူ မြန်မာစာ (၉)ဦး၊ သင်္ချာ (၂)ဦး၊ ဓါတုဗေဒ (၂)ဦး၊ ရူပဗေဒ(၁၄)ဦး၊ ဇီဝဗေဒ(၉)ဦး၊ ဘောဂဗေဒ (၉)ဦး၊ ပထဝီ(၄)ဦးရှိကြောင်း မြို့နယ် ပညာရေးမှူးရုံးမှသိရှိရသည်။

မြို့နယ်(ပြန်ဆက်)