ငါးသိုင်းချောင်းမြို့တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုသူများအနက် ၅၀.၂၆ ရာခိုင်နှုန်း ဖြေဆိုအောင်မြင်

ငါးသိုင်းချောင်း  ဇူလိုင် ၂၈

ဧရာဝတီတိုင်းဒေသကြီး၊ ငါးသိုင်းချောင်း မြို့တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တက္ကသိုလ်ဝင်တန်း စာမေးပွဲ အောင်စာရင်းများ ကိုယနေ့ နံနက် ၆ နာရီမှစတင်၍ မြို့နယ်ပညာရေးမှူးရုံးနှင့် စာစစ်ဌာနတို့၌ ထုတ်ပြန်ထားခဲ့ရာ ငါးသိုင်းချောင်း မြို့အတွင်း၌ တက္ကသိုလ်ဝင်တန်း အောင်မြင်သူ ၅ဝ.၂၆ ရာခိုင်နှုန်း ရှိကြောင်းသိရသည်။

ငါးသိုင်းချောင်းမြို့တွင် ၂၀၂၄-၂၀၂၅ ခုနှစ်တက္ကသိုလ်ဝင်တန်းစာမေးပွဲကို အ.ထ.က (ငါးသိုင်းချောင်း) စာစစ်ဌာန၌ ကျင်းပခဲ့ရာဝင်ရောက်ဖြေဆိုသူစုစုပေါင်း ၂၄၇ ဦး ရှိရာ ၁၁၂ ဦး အောင်မြင်ပြီး ၊အောင်မြင်သူများအနက်  ၄ ဘာသာ ဂုဏ်ထူးရှင် ၂ ဦး၊ ၃ ဘာသာဂုဏ်ထူးရှင် ၃ ဦး၊ ၂ ဘာသာဂုဏ်ထူးရှင် ၅ ဦး၊ ၁ ဘာသာဂုဏ်ထူးရှင် ၅ ဦး၊ စုစုပေါင်း ဂုဏ်ထူးရရှိသူ ၁၅ ဦးရှိပြီး မြို့၏ အောင်ချက်ရာခိုင်နှုန်းမှာ ၅ဝ.၂၆ ရာခိုင်နှုန်းရှိကြောင်း သိရသည်။

ငါးသိုင်းချောင်း ပြန်/ဆက်