၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ဖျာပုံမြို့နယ်မှ(၅)ဘာသာဂုဏ်ထူး ရရှိသူ (၃)ဦးရှိပြီး မြို့နယ်အဆင့်အောင်ချက်ရာနှုန်း(၄၆.၈၁%)ရှိ

ဖျာပုံ   ဇူလိုင်  ၂၈

၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်မှ (၅)ဘာသာဂုဏ်ထူးရရှိသူ(၃)ဦးရှိပြီး မြို့နယ်အဆင့်အောင်ချက်ရာနှုန်း (၄၆.၈၁%) ရှိကြောင်း သိရှိရသည်။

ဖျာပုံမြို့နယ်တွင် ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို စာစစ်ဌာန(၈)ခုတွင် ဝင်ရောက် ဖြေဆိုသူ(၁၅၃၈)ဦးရှိရာ အောင်မြင်သူဦးရေ (၇၂၀)ဦးရှိပြီး မြို့နယ်အဆင့် အောင်ချက်ရာနှုန်း (၄၆.၈၁%)ရှိကြောင်းသိရှိရသည်။

၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ဖျာပုံမြို့နယ်မှ (၅)ဘာသာဂုဏ်ထူး ရရှိသူ(၃) ဦး၊ (၄) ဘာသာဂုဏ်ထူးရရှိသူ (၅)ဦး၊ (၃)ဘာသာဂုဏ်ထူးရရှိသူ(၇) ဦး၊ (၂)ဘာသာ ဂုဏ်ထူးရရှိသူ (၁၃) ဦး၊ (၁)ဘာသာဂုဏ်ထူးရရှိသူ (၃၄)ဦးရှိပြီး ဘာသာရပ်အလိုက် ဂုဏ်ထူးရရှိသူ မြန်မာစာ (၃၆)ဦး၊ သင်္ချာ(၉)ဦး၊ ဓါတုဗေဒ(၇)ဦး၊ ရူပဗေဒ(၂၆)ဦး၊ ဇီဝဗေဒ(၁၁)ဦး၊ ပထဝီဝင်(၆)ဦး၊  ဘောဂဗေဒ (၂၀)ဦး ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရှိရသည်။

အောင်ဝင်းနိုင်(ဖျာပုံခရိုင်ပြန်/ဆက်)