ခန္တီး ဇူလိုင် ၂၈
၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်တန်းအောင်စာရင်းကို နိုင်ငံတစ်ဝန်းတွင် ယမန်နေ့ ဇူလိုင်လ(၂၇)ရက်နေ့၌ ထုတ်ပြန်ကြောညာလျက်ရှိရာ စစ်ကိုင်းတိုင်းဒေသကြီး၊ နံနက်(၆)နာရီအချိန်က မြို့နယ်ပညာရေးမှူးရုံးနှင့် စာစစ်ဌာန အ.ထ.က(ခန္တီး) ကျောင်းတို့တွင် ထုတ်ပြန်ကြေညာခဲ့ကြောင်းသိရသည်။
ခန္တီးမြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ကျောင်းသား/သူ စုစုပေါင်း (၃၉၆)ဦးဝင်ရောက်ဖြေဆိုခဲ့ကြရာ (၇၉)ဦးအောင်မြင်ပြီး (၁၉.၉၅)ရာခိုင်နှုန်း ဖြေဆိုအောင်မြင်ကြောင်းသိရသည်။
ခန္တီးမြို့နယ်၌ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုအောင်မြင်သူများတွင် ပထဝီဝင်ဘာသာ ရပ်ဂုဏ်ထူး ရကျောင်းသား/သူ(၁)ဦး၊ သမိုင်းဘာသာရပ်ဂုဏ်ထူးရ ကျောင်းသား/သူ (၂)ဦး စုစုပေါင်း ဂုဏ်ထူးရကျောင်းသား/သူ(၂)ဦး ဂုဏ်ထူးရရှိကြောင်း မြို့နယ်ပညာ ရေးမှူးရုံးမှ သိရှိရသည်။
ကမ်းကီး(ပြန်/ဆက်)