အမာ ဇူလိုင် ၂၈
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့တွင် ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများကို ယမန်နေ့ နံနက်(၆)နာရီအချိန်၌ အမာမြို့ အခြေခံပညာ အထက်တန်းကျောင်းတွင် ထုတ်ပြန်ကြေညာ ပေးထားကြောင်း သိရသည်။
အမာမြို့၊ အထက(အမာ)စာစစ်ဌာနတွင် ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ဝင်ရောက်ဖြေဆိုသူ (၈၃)ဦးရှိပြီး အောင်မြင်သူ (၃၀)ဦးရှိသဖြင့် (၃၆.၁၄)ရာခိုင်နှုန်းရှိကြောင်း သိရသည်။ ဖြေဆိုရန် စာရင်းရှိသူ (၉၀)ဦး၊ ဝင်ရောက်ဖြေဆိုသူ (၈၃)ဦး၊ အောင်မြင်သူ (၃၀)ဦးရှိပြီး (၂)ဘာသာဂုဏ်ထူးရှင် (၁)ဦး၊ (၁)ဘာသာဂုဏ်ထူးရှင် (၂)ဦးနှင့် ရိုးရိုးအောင်မြင်သူ (၂၇)ဦးရှိကြောင်း သိရသည်။
အမာ(ပြန်/ဆက်)