ဇလွန်မြို့နယ်တွင်၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို စာစစ်ဌာန (၁၁)ခု၌ဖြေဆိုရာ အောင်ချက်(၄၉.၈၀) ရာခိုင်နှုန်းအောင်မြင်

ဇလွန် ဇူလိုင် ၂၈

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတ ခရိုင်၊ ဇလွန်မြို့နယ်တွင် ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲကို စာစစ်ဌာန ( ၁၁ ) ခုတို့၌ ဖြေဆိုခဲ့ရာ အောင်ချက် (၄၉ .၈၀ ) ရာခိုင်နှုန်း‌ အောင်မြင် ကြောင်း မြို့နယ်ပညာရေးမှူးရုံးက သိရသည်။

ဇလွန်မြို့နယ်တွင် ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ကျား(၃၀၉) ဦး၊ မ (၄၃၆)ဦး စုစုပေါင်း ( ၇၄၅ ) ဦး ဝင်ရောက်ဖြေဆိုရာ  ကျား (၁၂၃ )ဦး ၊ မ (၂၄၈ )ဦး စုစုပေါင်း (၃၇၁) ဦး အောင်မြင်ခဲ့ပြီး (၄ )ဘာသာဂုဏ်ထူး ၃ ဦး ၊ (၃) ဘာသာဂုဏ်ထူး ၆ ဦး ၊ (၂)ဘာသာ ဂုဏ်ထူး ၃ ဦး၊ (၁)ဘာသာ ဂုဏ်ထူး ၉ ဦးရရှိပြီး ဘာသာရပ် အလိုက် ဂုဏ်ထူးရရှိမှုများမှာ မြန်မာစာဘာသာရပ် (၇) ဦး၊ သင်္ချာ ဘာသာရပ်(၁) ဦး၊ ဓာတုဗေဒ ဘာသာ ရပ် (၃) ဦး ၊ ရူပဗေဒ ဘာသာရပ် (၁၃)ဦး ၊ ဇီဝဗေဒ ဘာသာရပ် (၆)ဦး ၊ ပထဝီ ဘာသာရပ် (၆) ဦး ၊ သမိုင်း ဘာသာရပ် (၃) ဦး ၊ ဘောဂဗေဒ ဘာသာရပ်(၆) ဦး ရရှိကြောင်း မြို့နယ် ပညာရေးမှူးရုံးမှသိရသည်။

ဝေယံ - ဇလွန်(ပြန်/ဆက်)