စစ်ကိုင်းမြို့တွင် တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းထုတ်ပြန် အောင်ချက် ၄၆.၇၂ ရာခိုင်နှုန်းရှိ

စစ်ကိုင်း ဇူလိုင် ၂၉

စစ်ကိုင်းမြို့တွင် တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်များကို ဇူလိုင်လ ၂၇ နံနက် ၆ နာရီမှ စ၍ မြို့နယ်ပညာရေးမှူးရုံး၊ အ.ထ.က(၁)စာစစ်ဌာန၊ အ.ထ.က(၃) စာစစ်ဌာနများတွင် ထုတ်ပြန်ကြေညာပေးခဲ့ကြောင်း သိရသည်။

စစ်ကိုင်းမြို့နယ်တွင် ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို စာရင်းရှိ ၁၄၉၅ ဦးမှာ ဝင်ရောက်ဖြေဆိုသူ ၁၄၄၉ ဦး၊ အောင်မြင်သူ ၆၇၇ ဦး၊ အောင်ချက်ရာခိုင်နှုန်း ၄၆.၇၂ ရှိကြောင်း သိရသည်။ ဂုဏ်ထူးရရှိမှုအနေဖြင့် ၅ ဘာသာဂုဏ်ထူးရှင် ၄ ဦး၊ ၄ ဘာသာ ဂုဏ်ထူးရှင် ၉ ဦး၊ ၃ ဘာသာ ဂုဏ်ထူးရှင် ၁၇ ဦး၊ ၂ ဘာသာ ဂုဏ်ထူးရှင် ၃၂ ဦး၊ ၁ ဘာသာ ဂုဏ်ထူးရှင် ၁၁၄ ဦး၊ စုစုပေါင်း ဂုဏ်ထူးရရှိသူ ၁၇၆ ဦး ရှိကြောင်း မြို့နယ်ပညာရေးမှူးထံမှ သိရသည်။

နေလင်းအောင်