ကျွန်းလှမြို့နယ်၌ မိုးစပါး ပန်းတိုင်အထွက်ရရှိရေး သရုပ်ပြစိုက်ပျိုး

ကျွန်းလှ ဇူလိုင် ၂၉

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် စပါးသီးနှံ အဓိကစိုက်ပျိုးကြပြီး မိုးစပါး ပန်းတိုင်အထွက်ရရှိရေးအတွက် သရုပ်ပြစိုက်ပျိုးခြင်းကို ယနေ့နံနက် ၉ နာရီက တပ်ကုန်းကျေးရွာ၊ ကွင်းမှတ် (၄၉၅) တောင်သူ ဦးမင်းနိုင်၏ လယ်မြေ၌ ကျင်းပသည်။

ဦးစွာ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ဦးစီးမှူး ဒေါ်မြင့်မြင့်ရီက စပါးတင်း (၁၀၀) အထက်ထွက်ရေးအတွက် သိပ္ပံနည်းကျစိုက်နည်းစနစ်များ လိုက်နာကျင်းသုံးခြင်းဖြင့် စပါးခင်းအတွင်း လေဝင်လေထွက် ကောင်းမွန်ခြင်း၊ နေရောင်ခြည်ကောင်းစွာရရှိခြင်း၊ ပေါင်းမြင်နှိမ်နင်းရလွယ်ကူခြင်း၊ ပိုးမွှားကျရာက်မှု သက်သာခြင်း၊ ရိတ်သိမ်းရာ၌ အလေအလွင့်နည်းပါးခြင်း စသည့်အကျိုးကျေးဇူးများ ရရှိမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားပြီး အသင့်သုံး အီးအမ်‌ဖျော်ရည်နှင့် ပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့သည်။

 အဆိုပါ မိုးစပါး သရုပ်ပြစိုက်ပျိုးပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ခေတ္တ ဥက္ကဋ္ဌ ဗိုလ်မှူး ဖြိုးသန့်ဇင်ထွန်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခေတ္တအုပ်ချုပ်ရေးမှူး ဦးခိုင်မင်းထွန်းနှင့် တာဝန်ရှိသူများ၊ ဒေသခံတောင်သူများ တက်ရောက်ကြကြောင်း သိရသည်။

မျိုးဝင်းညို ကျွန်းလှ