ရေကြည် ဇူလိုင် ၂၈
ဧရာဝတီတိုင်းဒေသကြီး ကျုံပျော်ခရိုင် ရေကြည်မြို့နယ်အတွင်း ၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းများကို ယမန်နေ့နံနက်ပိုင်းအချိန်က မြို့နယ်ပညာ ရေးမှူးရုံးတွင် ထုတ်ပြန်ကြေညာခဲ့ရာမြို့နယ် အတွင်းဖြေဆိုသူစုစုပေါင်း (၁၀၅၀)ဦးဖြေဆိုခဲ့ပြီး အောင်မြင်သူ (၄၅၁)ဦးဖြင့် အောင်ချက်ရာခိုင်နှုန်းမှာ (၄၂) ဒသမ (၉၅) ရာခိုင်နှုန်းအောင်မြင် ခဲ့ကြောင်းသိရသည်။
အဆိုပါတက္ကသိုလ်ဝင်စာမေးပွဲကို ရေကြည်မြို့နယ် အတွင်း စာစစ်ဌာန (၉)ခုထားရှိ၍ ကျင်းပဖြေဆိုခဲ့ရာမြို့နယ် အတိုင်းအတာ အနေဖြင့် (၄)ဘာသာဂုဏ်ထူးရှင် (၃) ဦး၊ (၃)ဘာသာ ဂုဏ်ထူးရှင် (၆) ဦး၊ (၂)ဘာသာဂုဏ်ထူးရှင် (၈) ဦး၊ (၁)ဘာသာဂုဏ်ထူးရှင် (၂၂) ဦး၊ စုစုပေါင်း ဂုဏ်ထူးရ ကျောင်းသား/ကျောင်းသူ (၃၉)ဦးထူးချွန် အောင်မြင်ခဲ့ကြကြောင်း သတင်းရရှိပါသည်။
မြို့နယ်(ပြန်/ဆက်)